Connect with us

North America

ဘိုင်ဒန်က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များပေးမည်ဟုဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် (ယာ) နှင့် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးတို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ရုရှားနိုင်ငံအတွင်းပိုင်းအထိ ပစ်ခတ်နိုင်စွမ်းရှိသော တာဝေးပစ်အမျိုးအစား ဒုံးကျည် ပေးပို့မည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်း သမ္မတနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း NBC News က စက်တင်ဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးမှုများနှင့် နီးစပ်သူ အမေရိကန် အရာရှိ ၃ ဦးနှင့် ကွန်ဂရက်တာဝန်ရှိသူတစ်ဦးအား ကိုးကား၍ သတင်းက ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံနှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခတွင် တိုက်ခိုက်ရေးအင်အားစုများကို အားဖြည့်ရန် အမေရိကန်ထံမှ ATACMS ဟု လူသိများသော Army Tactical Missile System အတွက် ကြာမြင့်စွာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဘိုင်ဒန်အစိုးရအနေဖြင့် အဆိုပါ တာဝေးပစ်ဒုံးကျည်များကို အသုံးပြုလျက် ယူကရိန်း တပ်ဖွဲ့ဝင်များက ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များအား ပစ်ခတ်မည်ကို စိုးရိမ်လျက်ရှိသည်။

သို့ရာတွင် ATACMS များကို မည်သည့်အချိန်၌ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းနှင့် ယင်းနှင့်ပတ်သက်၍ တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်းရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သတင်းက ဆိုသည်။
ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် စက်တင်ဘာ ၂၁ ရက်က အိမ်ဖြူတော်တွင် ဘိုင်ဒန်နှင့် တွေ့ဆုံရန် ဝါရှင်တန်သို့ ရောက်ရှိလာခဲ့သည်။ (Xinhua)

………………………………
(English Version)
Biden to provide Ukraine with long-range missiles: report

WASHINGTON, Sept. 22 (Xinhua) — U.S. President Joe Biden has told his Ukrainian counterpart that the United States will send Ukraine a type of long-range missile capable of striking inside Russia, NBC News reported Friday.
The report cited three U.S. officials and a congressional official familiar with the discussions.
Ukraine has long asked for the Army Tactical Missile System, known as ATACMS, from the United States to boost its fighting forces in the ongoing conflict with Russia. The Biden administration had feared that Ukrainian troops would hit targets inside Russia using the long-range missiles.
It is unclear when the ATACMS will be delivered, nor is it certain when a formal announcement will be made, said the report.
Ukrainian President Volodymyr Zelensky was in Washington on Thursday for a meeting with Biden at the White House.
Photo: U.S. President Joe Biden (R) meets with Ukrainian President Volodymyr Zelensky at the White House in Washington, D.C., the United States, Dec. 21, 2022. (Xinhua/Liu Jie)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.