Connect with us

Media

တရုတ်နိုင်ငံက ယူကရိန်းအရေး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေး ဆက်လက်ပံ့ပိုးသွားမည်ဟုပြော

ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံများအားလုံးနှင့် ဆက်သွယ်ဆွေးနွေးမှု အဆင့်မြှင့်တင်ရန်နှင့် ယူကရိန်းအရေး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၈ ရက်၌ ပြောကြားခဲ့သည်။

ယခင်သီတင်းပတ်ကုန်က ယူကရိန်းအရေးနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ပြုလုပ်သော အစည်းအဝေးသို့ တရုတ်နိုင်ငံအစိုးရ ယူရေးရှားဒေသရေးရာ အထူးကိုယ်စားလှယ် လီဟွေး တက်ရောက်မှုနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များ ပြောကြားစဉ် ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

လီသည် ဖိတ်ကြားချက်အရ ယူကရိန်းအရေးဆိုင်ရာ အစည်းအဝေး တက်ရောက်ရန် ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့သို့ သွားရောက်ခဲ့ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူ ပြောခဲ့သည်။ အစည်းအဝေး၌ လီသည် တက်ရောက်လာသောနိုင်ငံများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်ခြင်းနှင့် အမြင်ချင်းဖလှယ်မှုများ ဆောင်ရွက်ကြောင်း၊ တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် အဆိုပြုချက်များကို ရှင်းလင်းပြောကြားကြောင်း၊ နိုင်ငံအသီးသီးမှ အမြင်များနှင့် အကြံပြုချက်များကို နားထောင်ခဲ့ကြောင်းနှင့် ယူကရိန်းအရေး နိုင်ငံရေးနည်းဖြင့် အဖြေရှာခြင်းဆိုင်ရာ ဘုံနားလည်မှုများပိုမိုရရှိရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ခြင်းရာတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍကို အပြည့်အဝ အသိအမှတ်ပြုခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန်က အဆိုပြုခဲ့သည့် လုပ်ဆောင်သင့်သောအရာလေးခု၊ နယ်ပယ် လေးခုနှင့် လေ့လာမှုသုံးခုကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယူကရိန်းအရေး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက် စာတမ်းကိုအခြေခံပြီး နိုင်ငံများအားလုံးနှင့် ဆက်သွယ် ဆွေးနွေးမှု မြှင့်တင်ရန်၊ ယူကရိန်းအရေး နိုင်ငံရေးနည်းလမ်းအရ အဖြေရှာရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China to continue contributing to political settlement of Ukraine crisis: spokesperson
BEIJING, Aug. 8 (Xinhua) — China will continue to enhance dialogue and communication with all parties and contribute to the political settlement of the Ukraine crisis, a foreign ministry spokesperson said on Tuesday.
The spokesperson made the remarks when asked for more information on Special Representative of the Chinese Government on Eurasian Affairs Li Hui’s attendance of the meeting in Jeddah on the Ukraine issue last weekend.
The spokesperson said that on Aug. 5, Li traveled to Jeddah, Saudi Arabia to attend the meeting on the Ukraine issue at invitation. Li had extensive contact and exchanges with participating parties, made clear China’s position and propositions, listened to the opinions and advice from various parties, and worked for more common understandings on the political settlement of the Ukraine crisis. China’s positive role in promoting talks for peace was fully recognized.
The spokesperson said that China will continue to act in the spirit of the four principles, joint efforts in four areas and three observations proposed by President Xi Jinping, work on the basis of the document of China’s Position on the Political Settlement of the Ukraine Crisis, enhance dialogue and communication with all parties, and contribute to the political settlement of the Ukraine crisis.