Connect with us

Videos

မွန်ဂိုလီးယားနိုင်ငံ၌ ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ရွှေလင်းယုန်ပွဲတော် ကျင်းပ

ဦလန်ဘာတာ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံ၌ ဆောင်းရာသီခရီးသွားလုပ်ငန်းနှင့် ကာဇတ်လူမျိုးတို့၏ ယဉ်ကျေးမှုအား မြှင့်တင်သည့်အနေဖြင့် မြို့တော် ဦလန်ဘာတာအနီးတွင် မတ် ၉ ရက်က ရွှေလင်းယုန်ပွဲတော်(Golden Eagle Festival)အား ကျင်းပခဲ့ကြောင်း သိရသည်။၁၈ ကြိမ်မြောက် ရွှေလင်းယုန်ပွဲတော်ကို မွန်ဂိုလီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ၊ မွန်ဂိုလီးယားလင်းယုန်ဖမ်းသမားများအသင်းနှင့် Bayan-Ulgii ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် အခြားဌာန ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ရက်ကြာကျင်းပသည့် ပွဲတော်အတွင်း ကာဇတ်လူမျိုးများ နေထိုင်ရာ Bayan-Ulgii ပြည်နယ်မှ အသက် ၂၁ နှစ်မှ ၆၈ နှစ်အရွယ်ရှိ လင်းယုန်အမဲလိုက်သူ ၂၁ ဦးက ၎င်းတို့အထူးလေ့ကျင့်ပေးထားသည့် ရွှေလင်းယုန်များနှင့် တိရစ္ဆာန်များကို ဖမ်းရန် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ငှက်များနှင့် လေ့ကျင့်ပေးသူများ၏ စွမ်းရည်များကို ပြသခဲ့ကြောင်း သိရသည်။ (Xinhua)
————————————-
Golden Eagle Festival kicks off in Mongolia to promote tourism
The Golden Eagle Festival opened near Mongolia’s capital on Saturday to promote winter tourism and ethnic Kazakh culture.
The 18th edition of the festival is co-organized by the country’s Ministry of Environment and Tourism, the Mongolian Eagle Hunters’ Association and the Governor’s Office of the western province of Bayan-Ulgii and others.
Twenty-one eagle hunters aged 21-68 from the province of Bayan-Ulgii, home to the people of the Kazakh ethnic group, are competing in the two-day festival to catch stuffed animals with their specially trained golden eagles, showing off the skills of both the birds and their trainers.
Xinhua News Agency correspondents reporting from Ulan Bator.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.