Connect with us

Videos

ဥရောပသမဂ္ဂက လာမည့်နှစ်လအတွင်း ယူကရိန်းနိုင်ငံအား ယူရို ၆ ဘီလီယံ ကူညီထောက်ပံ့ပေးရန် စီစဉ်ထား

ကိဗ်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂသည် ယူကရိန်းနိုင်ငံအား ယူရို ၄.၅ ဘီလီယံနှင့် ယူရို ၁.၅ ဘီလီယံ အသီးသီးကို မတ်လနှင့် ဧပြီလတွင် ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း ဥရောပကော်မရှင် အမှုဆောင်ဒုဥက္ကဋ္ဌ Valdis Dombrovskis က ယူကရိန်းမြို့တော် ကိဗ်မြို့ တွင် ကြေညာခဲ့ပါသည်။ဥရောပကော်မရှင်သည် ယူကရိန်းနိုင်ငံအား ဥရောပသမဂ္ဂ၏မဟာမိတ်အဖွဲ့ဝင်အဖြစ် ပါဝင်ရန် စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ မူဘောင်အား ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ယင်းညှိနှိုင်းရေးမူဘောင်မူကြမ်းအား ထည့်သွင်းစဉ်းစားရန်အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံသို့ လာမည့်သီတင်းပတ်တွင် တင်ပြရန် စီစဉ်ထားသည်ဟု Dombrovskis က ယူကရိန်းဝန်ကြီးချုပ် Shmyhal နှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့ကြောင်း ယူကရိန်းInterfax သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Shmyhal က ၎င်းနှင့် Dombrovskis တွေ့ဆုံရာတွင် ဥရောပသမဂ္ဂသို့ ရုရှားဆန်စပါးတင်ပို့မှုအပေါ် ကန့်သတ်ချက်များ သို့မဟုတ် လုံးဝတားမြစ်ရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂသည် ရုရှားအပေါ် သက်ဆိုင်ရာအရေးယူမှုများ လုပ်ဆောင်ရန် ဆွေးနွေးနေသည်ဟု Dombrovskis က ပြောကြားခဲ့သည်။

ယူကရိန်းက ဥရောပသမဂ္ဂအဖွဲ့သို့ ဝင်ရောက်ရန် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် လျှောက်ထားခဲ့သည်။ ဥရောပသမဂ္ဂသို့ ယူကရိန်း ဝင်ရောက်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် ဆုံးဖြတ်ချက်ကို လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင် ဥရောပကောင်စီက ကြေညာခဲ့သည်။ ယူကရိန်းအတွက် နောက်ထပ် ယူရို ၅၀ ဘီလီယံ ကူညီထောက်ပံ့ပေးရန် ဥရောပသမဂ္ဂအထူးထိပ်သီးအစည်းအဝေးက ယခုနှစ် ဖေဖော်ဝါရီလတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………….
欧盟计划未来两月向乌克兰提供60亿欧元援助
新华社基辅3月8日电(记者李东旭)欧盟委员会执行副主席东布罗夫斯基斯8日在乌克兰首都基辅宣布,欧盟计划在3月和4月分别向乌方拨付45亿和15亿欧元援助。
据乌克兰国际文传电讯社报道,东布罗夫斯基斯在和乌总理什梅加尔举行的联合记者会上说,欧盟委员会已启动乌克兰入盟谈判框架的筹备工作,并计划于下周向欧盟成员国提交审议这一谈判框架的草案。
什梅加尔说,他与东布罗夫斯基斯会晤时讨论了限制或全面禁止俄罗斯粮食出口欧盟的问题。东布罗夫斯基斯说,欧盟正在讨论针对俄罗斯的相关制裁措施。
2022年2月,乌克兰递交加入欧盟的申请。去年12月,欧洲理事会宣布决定启动乌克兰加入欧盟的谈判。今年2月,欧盟特别峰会通过了向乌克兰提供500亿欧元额外援助的决定。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.