Connect with us

Social

ရသေ့တောင်-ဘူးသီးတောင် ကားလမ်းဖောက်လုပ်မှု ၂၀၁၈ခုနှစ်တွင် ပြီးစီးမည်

ဘူးသီးတောင်မြို့နယ်တွင် ကားလမ်းပျက်ဆီးနေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ရသေ့တောင်-ဘူးသီးတောင်ကားလမ်းကို မြေသားလမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်မှုသည် ၂၀၁၈ ခုနှစ်တွင်း ပြီးစီးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရှိ အဆိုပါ ကားလမ်းဖောက်လုပ်မှု စီမံကိန်းထံမှ သိရသည်။

အဆိုပါ ကားလမ်းကို ရသေ့တောင်မြို့နယ်ဘက်မှ စတင်ဖောက်လုပ်လျက်ရှိရာ လမ်းပိုင်းအရှည်သည် ၃၄မိုင် ၄ဖာလုံရှိမည်ဖြစ်ပြီး ယင်း လမ်းပိုင်းအတွင်း တံတား ရှစ်စင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်-ဘူးသီးတောင်လမ်းပိုင်းကို တည်ဆောက်နိုင်ရန်အတွက် လမ်းအူကြောင်းရှာဖွေခြင်းကို ၂ဝ၁ဝ ပြည့်နှစ်က စတင်ပြုလုပ်ခဲ့ပြီး တစ်လမ်းမောင်း လမ်းကြောင်းအဖြစ် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ဖောက် လုပ်ခဲ့ကာ လမ်းတွင်ပါဝင်သည့် တံတားရှစ်စင်းအနက် ငါးစင်းကို ၂ဝ၁၇ ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့ ကြောင်း သိရသည်။

ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းပြီးစီးပါက စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တောမြို့တို့ကို မော်တော်ယာဉ်များဖြင့် အချိန်အနည်းငယ်အတွင်း သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.