Connect with us

North America

ဇီကာရောဂါ ပျံ့နှံ့မည် စိုးသောကြောင့် ဖလော်ရီဒါ ပြည်နယ်တွင် သွေးလှူဒါန်းခြင်းအား အမေရိကန် ရပ်ဆိုင်း

သွေးအိတ်များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ နယ်မြေ နှစ်ခုတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ စုံစမ်း တွေ့ရှိရသည့် အတွက် ထိုနယ်မြေများ၌ သွေးလှူဒါန်းခြင်းများ ရပ်တန့်ထားကြရန် အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဋ္ဌာန (FDA) က ဇူလိုင်လ ၂၈ ရက်တွင် မေတ္တာရပ်ခံခဲ့သည်။

ထိုသို့ ရပ်တန့်ထားရခြင်းသည် သွေးနှင့် သွေးထုတ်ကုန်များ ဘေးကင်း စိတ်ချရေးအတွက် ချင့်ချိန် ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ဖလော်ရီဒါ ပြည်နယ်ရှိ Miami-Dade နယ်မြေနှင့် Broward နယ်မြေများရှိ သွေးစင်တာများ အားလုံးတွင် သွေးများအား ရောဂါပိုး ရှိမရှိ စမ်းသပ်ပြီးကြောင်း သို့မဟုတ် ရောဂါပိုး ကင်းစင်ကြောင်း နည်းပညာ ပိုင်းအရ ခွင့်ပြုချက် မရမီအချိန်အထိ အရေးပေါ် သွေးစုဆောင်းခြင်းအား ရပ်တန့်ထားမည် ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ထို့ပြင် အကယ်၍ သွေးလိုအပ်လာပါက အနီးဝန်းကျင်ရှိ နယ်မြေများမှ ဖြစ်နိုင်သမျှ မြန်မြန် သန့်ရှင်းသည့် သွေးအား ကူညီပံ့ပိုးပေးနိုင်ရန် ကြိုတင် ကာကွယ်ထားကြောင်း ကြေညာချက်၌ ဖြည့်စွက် ဖော်ပြထားသည်။

ဇီကာဗိုင်းရပ်စ်နှင့် ဆက်စပ်နေသည်ကို Miami-Dade နယ်မြေတွင် နှစ်ဦး၊ Broward နယ်မြေတွင် နှစ်ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့အား စစ်ဆေး စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း ဖလော်ရီဒါ ပြည်နယ် ကျန်းမာရေးဋ္ဌာနက ဇူလိုင်လ ၂၈ ရက်က ပြောသည်။

ဇီကာ ဗိုင်းရပ်စ်သည် ကနဦး ခြင်ကိုက်ရာမှတဆင့် လူသို့ ကူးစက်နိုင်သလို လိင်ဆက်ဆံမှုမှ တဆင့်လည်း ကူးစက် ပျံ့နှံ့နိုင်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံမှု ၁,၄၀၀ ခုရှိခဲ့ကြောင်း၊ အများစုသည် ခရီးသွားလာခြင်း ရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း၊ ပြည်ပတွင် နေခဲ့စဉ် လိင်ဆက်ဆံခဲ့ခြင်းမှ တဆင့် ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.