Connect with us

North America

အမေရိကန်နိုင်ငံ တွင် အကျဉ်းထောင်ဆူပူမှုကြောင့် ထောင်သား ၇ဦးသေ၊ ၁၇ဦးဒဏ်ရာရရှိ

အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ် Bishopville မြို့ရှိ Lee ထိန်းသိမ်းရေးစခန်းအား ဝေဟင်မှတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ရှိ တောင်ကယ်ရိုလိုင်းနားပြည်နယ် တွင် ဖြစ်ပွားခဲ့သော အကျဉ်းထောင်ဆူပူမှုတစ်ခုကြောင့် အကျဉ်းသား ၇ဦးသေဆုံးပြီး အနည်းဆုံး လူ၁၇ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း အာဏာပိုင်များက ဧပြီ ၁၆ရက်တွင်ပြောကြားခဲ့သည်။

Bishopville မြို့ရှိ Lee ထိန်းသိမ်းရေးစခန်း၌ ဧပြီ ၁၅ရက် ဒေသစံတော်ချိန် ည ရး၁၅နာရီတွင် အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၆ ရက် နံနက် ၃နာရီတွင် အခြေအနေအား ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြောင်း တောင်ကယ်ရိုလိုင်းနားအကျဉ်းဌာန (SCDC) က ၎င်း၏ Facebook စာမျက်နှာပေါ်၌ရေးသားခဲ့သည်။

အကျဉ်းထောင်အရာရှိ တစ်ဦးမျှဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။ဌာန က အကျဉ်းထောင်ဆူပူမှုတွင် အကျဉ်းထောင်ခန်း ၃ခုမှ အကျဉ်းသားများစွာပါဝင်ကြောင်း ပြောကြားခဲ့သည်။ဌာနမှ ရဲတပ်ဖွဲ့ဝင်များ နှင့် တောင်ကယ်ရိုလိုင်းနား တရားဥပဒေစိုးမိုးရေးဌာနခွဲ မှ ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။အဆိုပါ အကျဉ်းထောင်အား လွန်ခဲ့သည့် ၂၅နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် အကျဉ်းသား ၁,၇၀၀ဦးကို ထိန်းသိမ်းထားကာ ယခင်ကလည်း အကျဉ်းသားအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုကြောင့် လူသေဆုံးမှု ဖြစ်ရပ်များ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.