Connect with us

North America

အမေရိကန်နှင့် ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကမ္ဘာ့ရေးရာများ ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (ယာ) နှင့် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ ဝေါလ်စထရောမ်တို့အား ဧပြီလ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) သည် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ ဝေါလ်စထရောမ် (Margot Wallstrom) နှင့် ဧပြီလ ၂၉ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံနှင့် ကမ္ဘာ့ရေးရာများ ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားချက်အရ သိရသည်။

ပွမ်ပီယိုနှင့် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးတို့သည် မကြာမီကျင်းပမည့် အာတိတ် ကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး၊ ကိုရီးယားကျွန်းဆွယ်၏ နျူကလီးယားကင်းစင်ရေးနှင့် ဗင်နီဇွဲလားနိုင်ငံ အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားထားသည်။မကြာမီကျင်းပမည့် အာတိတ် ကောင်စီ ဝန်ကြီးများအဆင့်အစည်းအဝေးအား ဖင်လန်နိုင်ငံ ရိုဗန်နီမီမြို့တွင် မေလ ၆ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုလည်း တက်ရောက်မည် ဖြစ်သည်။အဆိုပါကောင်စီသည် အာတိတ်စက်ဝန်း ချိတ်ဆက်ထားသည့်နိုင်ငံများဖြစ်သော နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ အိုက်စ်လန်၊ ကနေဒါ၊ ရုရှားနှင့် အမေရိကန်တို့ ပေါင်းစည်းထားခြင်းဖြစ်သည်။တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်တွင် အာတိတ်ကောင်စီ၌ လေ့လာသူအဖြစ် ပါဝင်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.