Connect with us

Europe

တရုတ်ကူညီတည်ဆောက်ပေးသည့် ပါကစ္စတန် Gwadar East Bay အဝေးပြေးလမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပါကစ္စတန်အနောက်တောင်ပိုင်း Balochistan ပြည်နယ် Gwadar ရှိ Gwadar East Bay Expressway အား ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် ပါကစ္စတန် Gwadar East Bay အဝေးပြေးလမ်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇွန် ၃ ရက်တွင် ကျင်းပခဲ့သည်။Gwadar အဝေးပြေးလမ်း ဖွင့်လှစ်ခြင်းက Gwadar ဆိပ်ကမ်းဒေသ ပြင်ပဆက်သွယ်မှု လမ်းကြောင်း တရားဝင် ဖောက်လုပ်နိုင်ခဲ့သည့် အမှတ်သင်္ကေတဖြစ်သည်။

ပါကစ္စတန်အနောက်တောင်ပိုင်း Balochistan ပြည်နယ် Gwadar ရှိ Gwadar East Bay Expressway အား ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန် Gwadar ရှိ Gwadar East Bay Expressway ဖွင့်ပွဲအခမ်းအနားသို့ ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif တက်ရောက်စဉ် (ဆင်ဟွာ)

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ထိုနေ့တွင် ပါကစ္စတန်အနောက်တောင်ပိုင်း Balochistan ပြည်နယ် Gwadar တွင် ကျင်းပခဲ့သည်။ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif က ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံမှ အကူအညီပေးမှုနှင့် တရုတ်ဆောက်လုပ်ရေး ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၏ ကြိုးပမ်းအားထုတ်မှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

East Bay Expressway သည် တရုတ်နိုင်ငံမှ တည်ဆောက်ထားသည့် အရည်အသွေးမြင့် အဝေးပြေးလမ်းမဖြစ်ကြောင်း၊ အဆိုပါ အဝေးပြေးလမ်းမဖွင့်လှစ်ပြီးနောက် ပါကစ္စတန်၏ အမျိုးသား အဝေးပြေးလမ်းနှင့် ချိတ်ဆက်ကာ Gwadar ဆိပ်ကမ်းနှင့် ကရာချိကြား သယ်ယူပို့ဆောင်ရေးအတွက် လမ်းကြောင်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် Gwadar ရှိ ထောင်နှင့်ချီသော အိမ်ထောင်စုများအား ဆိုလာစွမ်းအင်သုံး စက်ကိရိယာများ လှူဒါန်းပေးခဲ့ကြောင်း၊ ဆေးရုံစသည့် လူနေမှု အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးခဲ့သည့်အပြင် ပင်လယ်ရေချက်စက်ရုံလည်း ကူညီတည်ဆောက်ပေးခဲ့ကြောင်း Shehbaz က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက Gwadar ရှိ ပြည်သူများ၏ စားဝတ်နေရေး ပြဿနာများ ဖြေရှင်းပေးရာတွင် ပြုလုပ်ခဲ့သည့် ကြီးမားသော အကျိုးဆောင်မှုကို ပါကစ္စတန်က ချီးကျူးကြောင်း၊ တရုတ်နိုင်ငံက East Bay အဝေးပြေးလမ်း ဒီဇိုင်းဆွဲ ဖောက်လုပ်စဉ် ဒေသခံ ငါးဖမ်းသမားများ၏ အကျိုးစီးပွားကို အပြည့်အဝ ဂရုပြုခဲ့သည့်အပြင် ဘူမိဗေဒဆိုင်ရာ အကာအကွယ်ပေးရေး စသည့် ပါကစ္စတန်နိုင်ငံက မြတ်နိုးတန်ဖိုးထားသော အမျိုးသား သဘာဝ အမွေအနှစ်များကို အကာအကွယ်ပေးခြင်းနှင့် Gwadar ဆောက်လုပ်မှုကို အရှိန်မြှင့် ဆောက်လုပ်ခြင်း ဆုံးဖြတ်ချက်အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယာယီတာဝန်ခံ Pang Chunxue က မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံသည် Gwadar ရှိ ပြည်သူများ၏ လူနေမှု အခြေအနေကို အလွန်အလေးထားကြောင်း ၊ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကို ဒေသခံပြည်သူများ မျှဝေခံစားနိုင်စေရန်အတွက် Gwadar ၏ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်းနှင့် နည်းပညာဆိုင်ရာ သင်တန်းပို့ချမှု စသည့် လူနေမှု နယ်ပယ်ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်တွန်းအားရန် ဆန္ဒရှိကြောင်း၊ ဒေသခံပြည်သူများအတွက် လျှပ်စစ်၊ ရေချိုအရင်းအမြစ် ပြတ်လပ်မှု စသည့် ပြဿနာများကိုဖြေရှင်းရာတွင် အကူအညီပေးသွားမည်ဖြစ်ပြီး Gwadar ဆိပ်ကမ်း စမတ်ကျမှု၊ အစိမ်းရောင်ဖြစ်မှု၊ ခေတ်မီမှု အသွင်ဆောင်ရန် တွန်းအားပေးသွားမည်ဖြစ်သည်။ တရုတ်-ပါကစ္စတန် နှစ်ဖက်လုံး၏ ပူးပေါင်းကြိုးပမ်းမှုများကြောင့် Gwadar ဆိပ်ကမ်းရှိ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ စီမံကိန်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ East Bay အဝေးပြေးလမ်းမ ဆောက်လုပ်ခြင်း၏ ရည်ရွယ်ချက်က ဒေသခံပြည်သူများအတွက် အကျိုးဖြစ်ထွန်းရေးဖြစ်သောကြောင့် ဒီဇိုင်းရေးဆွဲတည်ဆောက်စဉ် ဒေသခံ ငါးဖမ်းသမားများ၏ လိုအပ်ချက်ကို အပြည့်အဝ ထည့်သွင်းစဉ်းစားခဲ့သည်။

အနာဂတ်တွင် Gwadar အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ် တည်ဆောက်ပြီးစီးပါက East Bay အဝေးပြေးလမ်းမ နှင့်အတူ Gwadar ကို ဒေသဆိုင်ရာသယ်ယူပို့ဆောင်ရေးအချက်အချာဒေသအဖြစ် တွန်းအားပေးသွားမည်ဖြစ်ပြီး ဒေသခံ ပြည်သူများအတွက် ပိုမိုသာယာလှပသော ဘဝကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

Gwadar East Bay အဝေးပြေးလမ်းမသည် တောင်ဘက် Gwadar ဆိပ်ကမ်းမှ အစပြုပြီး အဆုံးတွင် ပါကစ္စတန် အမှတ် ၁၀ အမျိုးသား အဝေးပြေးလမ်းနှင့် ချိတ်ဆက်ထားကြောင်း စုစုပေါင်း အရှည် ၁၉.၄၉ ကီလိုမီတာရှိပြီး ၎င်းသည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ၏ အစောပိုင်း စီမံကိန်းများထဲမှ တစ်ခုဖြစ်သည်။ အဆိုပါ စီမံကိန်းကို China Communications Construction မှ တာဝန်ယူတည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် တရားဝင် စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။
ထိုနေ့တွင် ပါကစ္စတန်ရှိ တရုတ်အကူအညီပေးရေး Gwadar ပင်လယ်ရေချက်စက်ရုံစသည့် စီမံကိန်းများ စတင်ခြင်း အခမ်းအနားကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………….
(Chinese Version)
中国援助巴基斯坦瓜达尔东湾快速路举行通车仪式
新华社巴基斯坦瓜达尔6月3日电(记者蒋超)中国援助巴基斯坦瓜达尔东湾快速路3日举行通车仪式,标志着瓜达尔港区对外连接道路正式打通。
通车仪式当天在巴基斯坦西南部俾路支省瓜达尔举行。巴基斯坦总理夏巴兹•谢里夫在仪式上致辞,感谢中方的援助和中国建设者的辛勤付出。他表示,东湾快速路是中国建造的高品质公路,通车后将与巴基斯坦的国道相连,打通了瓜达尔港和卡拉奇之间的交通运输通道。
夏巴兹表示,中国已向瓜达尔数千户家庭捐赠了太阳能电力设备,援建了医院等民生基础设施,还将援建海水淡化厂。巴方赞赏中方在帮助解决瓜达尔民生问题时所作的巨大贡献,感谢中方在东湾快速路设计建设过程中充分照顾当地渔民利益并注重保护地质地貌等巴方珍视的国家自然遗产,决心加快瓜达尔建设速度。
中国驻巴基斯坦使馆临时代办庞春雪在致辞时表示,中方高度重视瓜达尔民生,愿继续推动瓜达尔医疗、教育、职业技术人才培养等民生领域事业发展,努力帮助当地人民解决电力、淡水资源短缺等问题,推动建设智能、绿色和现代化的瓜达尔港,让当地人民共享中巴经济走廊高质量发展成果。在中巴双方的共同努力下,瓜达尔港的中巴经济走廊项目得以顺利实施。建设东湾快速路旨在造福当地人民,在设计施工时充分考虑当地渔民的需求。未来瓜达尔新国际机场建成后,将与东湾快速路一道促进瓜达尔成为地区交通枢纽,为当地人民创造更加美好的生活。
据了解,瓜达尔东湾快速路南起瓜达尔港,全长19.49公里,终点与巴基斯坦10号国道相连,是中巴经济走廊早期收获项目之一。该项目由中国交通建设股份有限公司承建,2017年正式开工建设。
当天,现场还举行了中国援建巴基斯坦瓜达尔海水淡化厂等项目的开工仪式。(完)
图说1- 这是6月3日在巴基斯坦西南部俾路支省瓜达尔航拍的瓜达尔东湾快速路。新华社记者 蒋超 摄

图说2- 这是6月3日在巴基斯坦西南部俾路支省瓜达尔航拍的瓜达尔东湾快速路。新华社记者 蒋超 摄

图说3- 6月3日,在巴基斯坦西南部俾路支省瓜达尔,巴基斯坦总理夏巴兹•谢里夫(左一)为瓜达尔东湾快速路通车揭牌。新华社记者 蒋超 摄