Connect with us

Asia

ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကို တုံ့ပြန်ရန် အာဆီယံနိုင်ငံများက ဒေသတွင်းငွေကြေး အသုံးပြုမှု အားကောင်းအောင် စီစဉ်

အင်ဒိုနီးရှားနိုင်ငံ အလယ် ဆူလာဝေဆီပြည်နယ် Morowali Regencyခရိုင်ရှိ တရုတ်-အင်ဒိုနီးရှား ဘက်စုံစက်မှုဥယျာဉ် ဆိပ်ကမ်းအား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် မတ် ၃၁ ရက်က ပြီးဆုံးခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်ရန် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် လက်ရှိအပြည်ပြည်ဆိုင်ရာ အဓိကအသုံးပြုနေသောငွေကြေး အားထားနေမှုကို လျှော့ချပြီး ဒေသတွင်းတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ၏ငွေကြေး သုံးစွဲမှုအားကောင်းအောင် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

အာဆီယံအနေဖြင့် လုပ်ငန်းအဖွဲ့တည်ထောင်သွားမည် ဖြစ်ပြီး ငွေကြေးလွှဲ‌ပြောင်းမှုတွင် အာဆီယံ ဒေသတွင်း ငွေကြေးအသုံးပြုမှုကို လက်တွေ့ တွန်းအားပေး ဖော်ဆောင်သွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Perry Warjiyoက ပြောကြား ခဲ့သည်။ ဒေသငွေကြေး အသုံးပြုမှုကို ဒေသတွင်းအသုံးပြုမှုနှုန်း ပို၍ မြင့်မားလာမှသာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးကို ပိုမိုတည်ငြိမ်သည့် အထောက်အပံ့ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကယ်၍ အာဆီယံနိုင်ငံများက ဒေသအတွင်း ဒေသငွေကြေးကို အသုံးပြုနိုင်မည်ဆိုပါက အရောင်းအဝယ်နှင့်ငွေပေးချေမှု အားလုံး ပို၍ မြန်ဆန်လာမည် ဖြစ်ကြောင်း Warjiyoက ပြောကြားခဲ့သည်။ အစည်းအဝေးတွင် အာဆီယံနိုင်ငံများက ပိုမို ကျယ်ပြန့်စွာ လွှမ်းခြုံနိုင်သော နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုနှစ် ပထမအကြိမ် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို မတ် ၂၈ ရက်မှ ၃၁ ရက် အထိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့သည်။ (Xinhua)

…………………………….
(Chinese Version)
东盟计划加强本地货币使用以应对全球危机
新华社雅加达3月31日电(记者汪奥娜)东盟财长和央行行长会议3月31日在印尼巴厘岛结束,东盟各成员国同意在该地区加强本地货币使用,并减少在跨境贸易和投资中对当前国际主要货币的依赖,以更好应对全球性危机。
印尼央行行长佩里•瓦吉约会后向记者表示,东盟将成立工作组,以切实推进金融交易中东盟本地货币使用。只有本地货币在地区内使用率越来越高,才能对跨境贸易和投资发展提供更稳定支持。
瓦吉约表示,如果东盟国家能够在该地区多使用本地货币,交易和支付都可以更快进行。他还说,会上东盟国家同意建立覆盖范围更广的跨境支付合作。
今年首次东盟财长和央行行长会议于3月28日至31日在轮值主席国印尼的巴厘岛举行。(完)
1. 这是2022年9月23日在印尼中苏拉威西省莫罗瓦利县拍摄的中国印尼综合产业园青山园区港口。(新华社记者徐钦摄)