Connect with us

China

၁၃၀ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေး ပူးတွဲ ကင်းလှည့်မှု စတင်

ပူးတွဲကင်းလှည့်တပ်ဖွဲ့အား တွေ့ရစဉ် (ဓါတ်ပုံ - ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန)

ကူမင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တရားဥပဒေစိုးမိုးရေး ရေယာဉ် ၁ စီး၊ မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေး ရေယာဉ် ၂ စီးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား၊ ကျင်ဟားဆိပ်ကမ်းမှ ဇွန် ၂၈ ရက် နံနက်ပိုင်းက စတင်ထွက်ခွာခဲ့ကြောင်း ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန သတင်းနှင့်ပြန်ကြားရေးရုံး၏ သတင်းများအရ သိရသည်။

၎င်းမှာ ၁၃၀ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်မှု စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် ကင်းလှည့်လှုပ်ရှားမှုတွင် တရုတ်-လာအို- မြန်မာ သုံးနိုင်ငံမှ ကင်းလှည့်ရေယာဉ် ၇ စီး စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ကင်းလှည့်မှု၌ ပါဝင်သည့် အခြားသော တရုတ်၊ လာအို ကင်းလှည့် ရေယာဉ် ၄ စီးသည် တရုတ်နိုင်ငံ ကွမ်းလော်ဆိပ်ကမ်း၊ လာအိုနိုင်ငံ မုန့်မော်ဆိပ်ကမ်းရှိ တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့်အတူ အသီးသီး ပူးတွဲကင်းလှည့်လျက်ရှိကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုတွင် ၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မဲခေါင်မြစ်ဝှမ်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပညာပေးလှုပ်ရှားမှုများလည်း လုပ်ဆောင်ခဲ့သည်။

ယခုနှစ်တွင် လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ဝှမ်း တရားဥပဒေ စိုးမိုးရေး ပူးတွဲကင်းလှည့်မှု ယန္တရားအောက်မှာ မဲခေါင်မြစ် နယ်စပ်ဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေးလှုပ်ရှားမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ရာတွင် မူးယစ်တိုက်ဖျက်ရေးများ၌ သိသာထင်ရှားသော ထိရောက်မှုများ ရှိခဲ့သည်။ လေးနိုင်ငံ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဖလှယ်မှုများ နက်ရှိုင်းလာသည်နှင့်အမျှ ဒေသအတူတကွ စီမံခန့်ခွဲခြင်း၊ ပြစ်မှုပူးတွဲတိုက်ဖျက်ခြင်း တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေအသစ်တစ်ရပ်ကို ထိရောက်စွာ ဖန်တီးနိုင်ခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
第130次中老缅泰湄公河联合巡逻执法行动启动
新华社昆明6月28日电(记者黄韬铭)记者从云南省公安厅新闻办获悉,28日上午,中方1艘执法艇、缅方2艘执法艇从云南西双版纳景哈码头启航,标志着第130次中老缅泰湄公河联合巡逻执法行动正式启动。
本次行动中,中老缅三方共派出执法艇7艘,参与行动的其余4艘中老执法艇分别在中国关累码头、老挝孟莫码头加入执法编队,共同开展本次联合巡逻执法行动。
行动在中方53107艇设联合巡逻执法编队指挥所,由中老缅泰四方指挥长共同指挥勤务,并围绕第36个国际禁毒日主题“健康人生、绿色无毒”在湄公河流域分别开展系列禁毒宣传活动。
今年以来,四国执法部门在中老缅泰湄公河联合巡逻执法机制下持续开展打击湄公河跨境犯罪和“雷霆”“清源断流”等多个专项行动,打击毒品犯罪取得显著成效。随着四国执法合作交流不断务实深化,区域协同治理、联合打击犯罪的执法合作新局面有效形成。(完)
1. 图为联合巡逻执法编队。(云南省公安厅供图)