Connect with us

Asia

ကမ္ဘောဒီးယားဘုရင်က ဟွန်မန်နက်အား ဝန်ကြီးချုပ်အသစ် အဖြစ် ခန့်အပ်

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်တွင် ဆန္ဒမဲပေးရန် တန်းစီနေကြသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၃ ရက် တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

ဟွန်မန်နက်အား ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန် ၅ နှစ်ထမ်းဆောင်ရန် ခန့်အပ်ကြောင်း အမိန့်ကြေညာချက်ကို ကမ္ဘောဒီးယားဘုရင် Norodom Sihamoniက ဩဂုတ် ၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဟွန်မန်နက်သည် လက်ရှိ ကမ္ဘောဒီးယား ပြည်သူ့ပါတီ(CPP)ဗဟိုကော်မတီ အမြဲတမ်းကော်မတီဝင် ဖြစ်ပြီး ကမ္ဘောဒီးယား တော်ဝင်စစ်တပ်၏ ဒုတိယ စစ်ဦးစီးချုပ်နှင့် ကြည်းတပ်စစ်ဦးစီးဖြစ်သည်။

ဇူလိုင် ၂၆ ရက်တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးတာဝန်ကို ဆက်လက်ထမ်းဆောင်မည် မဟုတ်တော့ကြောင်းနှင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီ(CPP)၏ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံမည့်သူ ဟွန်မန်နက်က အစိုးရသစ်ကို ဦးဆောင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဟွန်မန်နက်သည် ဩဂုတ် ၂၂ ရက်တွင် ကျင်းပမည့် အမျိုးသားလွှတ်တော်တွင် ယုံကြည်မှုမဲဆန္ဒကောက်ခံပွဲတွင် အနိုင်ရမှသာ တရားဝင် ဝန်ကြီးချုပ်အသစ်ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။ အကယ်၍ လွှတ်တော်၏ ယုံကြည်မှုမဲဆန္ဒကောက်ခံပွဲတွင် အနိုင်ရရှိပါက ၎င်းအနေဖြင့် ယင်းနေ့တွင်ပင် ကျမ်းသစ္စာကျိန်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

သတ္တမအကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် အာဏာရပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်းနှင့် ၎င်းပါတီအနေဖြင့် အစိုးရသစ်ဖွဲ့သွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မတီက ဩဂုတ် ၅ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
柬埔寨国王任命洪玛奈为新首相
新华社金边8月7日电(记者吴长伟)柬埔寨国王诺罗敦•西哈莫尼7日在金边签署王令,任命洪玛奈为新首相,任期5年。
洪玛奈现任柬埔寨人民党中央常委,柬埔寨王家军副总司令兼陆军司令。7月26日,柬埔寨首相洪森表示,他将不再担任首相,柬埔寨人民党未来首相候选人洪玛奈将领导新政府。
洪玛奈需要在8月22日举行的国民议会赢得信任投票才能正式成为新首相。如果赢得议会信任投票,预计他将在同日宣誓就职。
据柬国家选举委员会8月5日公布的选举结果显示,执政党人民党以绝对优势赢得第七届国民议会选举,负责组建新一届王国政府。
1. 7月23日,选民在柬埔寨首都金边一处投票站排队投票。