Connect with us

China

မန်ကျိုးလီ တရုတ်-ဥရောပ ရထားက မြောက်ပိုင်းဒေသ တံခါးဖွင့်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်

တရုတ်နိုင်ငံ နယ်စပ်ဂိတ်ကို ဖြတ်၍ မန်ကျိုးလီသို့ ဝင်ရောက်လာသည့် တရုတ်-ဥရောပ ရထားတစ်စင်းအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မန်ကျိုးလီ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ မြောက်ပိုင်းဒေသသို့ တံခါးဖွင့်သည့် “ပေါင်းကူးတံတား” ၊ တရုတ်-ဥရောပ ရထား “အရှေ့လမ်းကြောင်း”၏ အဓိကဂိတ်အနေဖြင့် မန်ကျိုးလီ ရထားလမ်းဂိတ်သည် တရုတ်-ဥရောပ ရထားလမ်း စွမ်းရည်တည်ဆောက်မှုများ အဆက်မပြတ် မြှင့်တင်ခဲ့ရာတွင် သယ်ယူပို့ဆောင်ရေး ထိရောက်မှုနှင့် အရည်အသွေး တစ်ဆင့် တိုးမြှင့်ခဲ့သည်။

မန်ကျိုးလီဘူတာရှိ ကွန်တိန်နာတင်ဆောင်သည့်နေရာတွင် တရုတ်-ဥရောပ ရထားတစ်စင်းအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၁၀ နှစ်ကြာကာလတွင် မန်ကျိုးလီ ရထားလမ်းဂိတ်၏ တရုတ်-ဥရောပ ရထား ဖြတ်သန်းသွားလာမှုသည် နှစ်စဉ်ဆက်တိုက် တိုးတက်လာခဲ့ပြီး မန်ကျိုးလီ၏ မြောက်ဘက်ဒေသသို့ တံခါးဖွင့်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေခဲ့သည်။

ယခုနှစ် ဩဂုတ်လကုန်ပိုင်းအထိ မန်ကျိုးလီ ရထားလမ်းဂိတ်မှ ပြည်ဝင်/ပြည်ထွက် မောင်းနှင်ခဲ့သည့် တရုတ်-ဥရောပ ရထား စုစုပေါင်း ၂၄,၃၁၆ စင်း၊ TEU ၂.၃၁ သန်း ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
满洲里:中欧班列助力向北开放加速
作为我国向北开放的“桥头堡”、中欧班列“东通道”的重要口岸,满洲里铁路口岸不断加大中欧班列通道能力建设,进一步提升运输效率和品质。10年来,满洲里铁路口岸中欧班列通行量实现连年增长,助力满洲里加速向北开放。截至今年8月底,经由满洲里铁路口岸进出境的中欧班列累计通行量达24316列、231万标箱。
1. 9月20日,一列中欧班列经国门驶入满洲里。
2. 这是9月20日拍摄的满洲里站货运车间集装箱场内、换装完毕的一列中欧班列。