Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဆီးရီးယားနိုင်ငံ သမ္မတ တွေ့ဆုံ

ဟန်ကျိုး၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆီးရီးယားနိုင်ငံ သမ္မတ ဘာရှာ အယ်လ်-အာဆတ်နှင့် ကျဲ့ကျန်းပြည်နယ် မြို့တော် ဟန်ကျိုးမြို့၌ စက်တင်ဘာ ၂၂ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ သမ္မတသည် စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်မည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဟန်ကျိုးမြို့၌ ရောက်ရှိနေခြင်းဖြစ်သည်။

“တရုတ်-ဆီးရီးယား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း ဒီကနေ့ ပူးတွဲကြေညာမှာဖြစ်ပါတယ်” ဟု ရှီက ပြောကြားခဲ့ပြီး ယင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမည်ဟု ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် တရုတ်-ဆီးရီးယား ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေတွင် ပြောင်းလဲမှုများ၏ စမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်တည်ခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုမှာလည်း ပိုမိုခိုင်မာလာခဲ့ကြောင်း ရှီက ဆိုသည်။ (Xinhua)

………………………………
(English Version)
Xi meets Syrian president
HANGZHOU, Sept. 22 (Xinhua) — Chinese President Xi Jinping on Friday met with Syrian President Bashar al-Assad in Hangzhou, capital city of east China’s Zhejiang Province.
The Syrian president is in Hangzhou to attend the opening ceremony of the 19th Asian Games scheduled for Saturday.
“Today, we will jointly announce the establishment of the China-Syria strategic partnership,” Xi said, adding that it will be a milestone for bilateral ties.
Xi said China-Syria relations have stood the test of changes in the international situation, and their friendship has grown stronger.