Connect with us

China

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက ဥရောပပါလီမန် ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်

ဟောင်ကောင်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရသည် ဟောင်ကောင်နှင့် ပတ်သက်၍ ဥရောပပါလီမန်မှ ချမှတ်ထားသော “ဆုံးဖြတ်ချက်” ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ဥရောပပါလီမန်မှ ဟောင်ကောင်အား အခြေအမြစ်မရှိသော စွပ်စွဲမှုများနှင့် ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေနှင့် “အမျိုးသားလုံခြုံရေး စည်းမျဉ်းစောင့်ထိန်းခြင်း”ကို အပုပ်ချခြင်းတို့အား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ သို့ဖြစ်၍ အဖြစ်မှန်ကို မှန်ကန်စွာ အတည်ပြုပေးရန် ဧပြီ ၂၅ ညပိုင်းက ပြောကြားခဲ့သည်။
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသည် အမျိုးသားလုံခြုံရေးကို ကာကွယ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်ရှိကြောင်း၊ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း”ကို အခြေခံထားသည့် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာကျင့်ထုံးများအရ အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ခြင်းသည် အချုပ်အခြာအာဏာပိုင်နိုင်ငံအားလုံး၏ မူလအခွင့်အရေးဖြစ်ကြောင်း၊ ဘုံတရားစီရင်ပိုင်ခွင့်အာဏာများ ပြဋ္ဌာန်းထားသည့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်စသည့် အနောက်နိုင်ငံများနှင့် စင်္ကာပူနိုင်ငံတွင် နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန် ဥပဒေများစွာကို ချမှတ်ထားကြောင်း၊ ဥရောပပါလီမန်သည် ၎င်းကို မျက်ကွယ်ပြုကာ ကြီးကျယ်ခမ်းနားသော စကားလုံးကြီးများပြောကြားကာ ယင်းမှာ နိုင်ငံရေးဗိုလ်ကျစိုးမိုးမှု နှင့် အတုအယောင် စံနှုန်းနှစ်ရပ်ထားခြင်းဖြစ်ကြောင်း အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

……………………………………………………………………
(Chinese Version)
香港特区政府强烈反对欧洲议会决议
新华社香港4月26日电 香港特区政府25日晚强烈反对欧洲议会通过涉及香港的所谓“决议”,并就欧洲议会对香港作出无理指控以及抹黑香港国安法及《维护国家安全条例》(简称条例)予以强烈谴责,以正视听。
特区政府发言人表示,香港特区负有维护国家安全的宪制责任。根据《联合国宪章》为基础的国际法及国际惯例,维护国家安全是所有主权国家的固有权利。很多普通法司法管辖区,例如美国、英国、加拿大、澳大利亚及新西兰等西方国家及新加坡等,都制定了多部维护国家安全的法律。欧洲议会却对此视而不见、大放厥词,是典型的政治霸权和虚伪的双标。