Connect with us

Media

ဆက်သွယ်ရေးလိမ်ညာမှုစသည့် ရာဇဝတ်မှုများတိုက်ဖျက်နှိမ်နှင်းရေး တရုတ်နိုင်ငံ သံအမတ်ကြီး ချန်ဟိုင်နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ညှိနှိုင်းဆွေးနွေး

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်ဟိုင်သည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ဇူလိုင် ၂၅ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် သက်ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမြင်သဘောထားချင်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် သံအမတ်ကြီး ချန်ဟိုင်သည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်အတူ မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလိမ်ညာမှု၊ အွန်လိုင်းလောင်းကစားမှုစသည့် ရာဇဝတ်မှုများအား နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရေး အထူးညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သံအမတ်ကြီး ချန်ဟိုင်က မြန်မာနိုင်ငံနယ်စပ်ဒေသတွင် ဆက်သွယ်ရေးလိမ်ညာမှု ရာဇဝတ်မှုများ ပြန့်နှံ့လျက်ရှိသည့်အပေါ် တရုတ်-မြန်မာ နှစ်နိုင်ငံနှင့် တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ အတူ ပူးပေါင်းတိုက်ဖျက်ခဲ့ရာတွင် ကနဦးအနေဖြင့် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံ မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံ နယ်စပ်ဒေသများ၌ ဆက်သွယ်ရေးလိမ်ညာမှုများ များပြားနေဆဲ ဖြစ်ရာ ၎င်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ဆိုးရွာစွာ ထိခိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပေါ် တရုတ်နိုင်ငံ အစိုးရက အထူး အလေးထားသလို တရုတ်ပြည်သူများကလည်း အလွန်မုန်းတီးပါကြောင်း၊ နှစ်ဖက်အနေဖြင့် အားကောင်းသော အစီအမံများကို တစ်ဆင့်တိုး ဆောင်ရွက်သင့်သလို အခြားအိမ်နီးချင်းနိုင်ငံများနှင့်အတူ ပူးပေါင်း၍ တိုက်ဖျက်နှိမ်နှင်းမှုများကို နောက်တစ်ဆင့်တိုး ဆောင်ရွက်သင့်ပါကြောင်း၊ ဆက်သွယ်ရေးလိမ်ညာမှုများ စုဝေးခိုအောင်းရာနေရာကို အစွမ်းကုန် ရှင်းလင်း၍ ပိတ်မိနေသည့် တရုတ်နိုင်ငံသားများကို ကယ်ဆယ်ကာ မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလိမ်ညာမှု၊ လောင်းကစားမှုများကို အမြစ်ပြတ် ရှင်းလင်းရမည် ဖြစ်ကြောင်း၊ ရာဇဝတ်မှုကျူးလွန်သော အင်အားစုများနှင့် ၎င်းတို့အဖွဲ့ဝင်များကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အလုံးစုံအခြေအနေကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း သံအမတ်ကြီး ချန်ဟိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက တရုတ်နိုင်ငံ၏ဂရုပြုမှုများကို မြန်မာနိုင်ငံအနေဖြင့် အထူးအလေးထားကြောင်း ပြောကြားခဲ့သည်။ ယခုကာလများတွင် ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ-တရုတ် နှစ်နိုင်ငံအတူ အကြိမ်ပေါင်း များစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် သံအမတ်ကြီး ချန်ဟိုင်နှင့်အတူ ဆက်သွယ်ရေးလိမ်ညာမှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြောင်း၊ ဆက်သွယ်ရေးလိမ်ညာမှုများသည် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေပြီး ပြည်တွင်းပြည်ပရှိပြည်သူများကို စိုးရိမ်ပူပန်မှု ဖြစ်စေရာ ဆက်သွယ်ရေးလိမ်ညာမှု၊ အွန်လိုင်းလောင်းကစားမှုများကို မြန်မာနိုင်ငံက တိုက်ဖျက်ရန် ရပ်တည်ချက်ခိုင်မာကြောင်း ၊ နောက်ဆက်တွဲ တိုက်ဖျက်နှိမ်နှင်းရေးကိစ္စရပ်များကို မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံစသည့် သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနှင့်အတူ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်သလို ပုံမှန် ပူးပေါင်းဆောင်ရွက်ရေး ယန္တရား ထူထောင်နိုင်ရန် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်းရှိ ဆက်သွယ်ရေးလိမ်ညာမှု၊ အွန်လိုင်းလောင်းကစားမှုနှင့်ဆက်စပ်သော မသမာသူများကို ကြောက်ရွံ့တုန်လှုပ်သွားအောင် ဆောင်ရွက်သွားမည် ဖြစ်သလို နှစ်နိုင်ငံပြည်သူလူထု၏ လုံခြုံရေးနှင့်အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောကြားခဲ့သည်။ (Xinhua)

……………………………………………..
(Chinese Version)
陈海大使就打击电信诈骗等犯罪活动同缅甸外长丹穗进行协调

7月25日,陈海大使在内比都会见缅甸外长丹穗,双方就中缅关系与相关领域合作交换了意见。
陈海大使同丹穗外长就中缅合力打击缅境内电诈网赌等犯罪活动进行专题协调。陈大使指出,针对缅甸边境地区电诈犯罪活动蔓延,中缅双方及中缅泰三方开展联合打击行动,取得初步成效。尽管如此,包括缅北在内缅甸边境地区电诈活动依然猖獗,严重损害中缅两国民众切身利益。中国政府对此高度重视,中国民众对此深恶痛绝。双方应进一步采取有力措施,同其他相关邻国合力开展新一阶段联合打击行动,全力铲除电诈窝点,解救被困中方人员,根除缅甸境内诈赌毒瘤,将犯罪势力及其组织人员绳之以法,维护中缅友好合作大局。
丹穗表示,缅方高度重视中方关切。近期缅中双方多次就此进行协调,缅甸副总理兼内政部部长梭突同陈大使就打击涉诈涉赌问题进行深入沟通。电诈活动影响缅甸国家形象,引发内外民众担忧,缅方打击诈赌活动立场坚决。缅方将同中方等相关邻国协调开展后续打击行动,并探讨成立常态化合作机制,对缅境内涉诈涉赌不法分子形成震慑,维护两国民众安全和利益。