Connect with us

Africa & Middle East

ဟားမက်စ်အဖွဲ့က အမေရိကန် ဓားစာခံနှစ်ဦးကို လွှတ်ပေးခဲ့ကြောင်း ကြေညာ

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့တွင် အစ္စရေးလေကြောင်း တိုက်ခိုက်မှုများအတွင်း ပျက်စီးနေသောအဆောက်အအုံကို စစ်ဆေးနေသူများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ/ဂျေရုဆလမ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) စစ်တပ်၊ Al-Qassam တပ်ဖွဲ့က ကာတာနိုင်ငံ၏ ကြိုးပမ်းပေးမှုများကို တုံ့ပြန်သောအားဖြင့်လည်းကောင်း၊ “လူသားချင်းစာနာထောက်ထားမှု” ကြောင့် လည်းကောင်း အမေရိကန် ဓားစာခံနှစ်ဦးကို လွှတ်ပေးခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ စွပ်စွဲပြစ်တင်မှုများမှာ “မှားယွင်း၍ အခြေအမြစ်မရှိကြောင်း” ပြသသည့်အနေဖြင့် ထိုသို့ လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ယင်းတပ်ဖွဲ့က ဆိုသည်။

ထို့ပြင် ဟားမက်စ်က အရပ်သားနှစ်ဦးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီထံ လွှတ်ပေးခဲ့ကြောင်း အမည်မဖော်လိုသော အစိုးရအရာရှိများကို ကိုးကား၍ အစ္စရေးမီဒီယာ Channel 2 က သတင်းဖော်ပြခဲ့သည်။
အဆိုပါ ဓားစာခံနှစ်ဦးမှာ အမေရိကန်နိုင်ငံသား မိခင်နှင့် သမီးတစ်ဦးဖြစ်ကြောင်း၊ ၎င်းတို့မှာ အစ္စရေးနိုင်ငံသားများ ဖြစ်ခြင်း၊ မဖြစ်ခြင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သတင်းများအရ သိရသည်။

ဟားမက်စ်စစ်သွေးကြွများသည် အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေအတွင်း ဒုံးကျည်ပေါင်းများစွာ ပစ်ခတ်ကာ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဓားစာခံများစွာ ဖမ်းဆီးခဲ့သည်။ Al-Qassam တပ်ဖွဲ့က ဂါဇာဒေသတွင် ဓားစာခံဦးရေ ၂၀၀ မှ ၂၅၀ အထိ ဖမ်းဆီးထားကြောင်း ယခင်က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Hamas announces release of 2 American hostages
GAZA/JERUSALEM, Oct. 20 (Xinhua) — Al-Qassam Brigades, the military wing of the Palestinian Islamic Resistance Movement (Hamas), said Friday in a statement that it has released two American hostages for “humanitarian reasons,” in response to Qatari efforts.
The brigades said it made the move to prove that the U.S. allegations were “false and baseless.”
Meanwhile, Israeli media Channel 2 reported that Hamas had released two civilian hostages to the hands of the International Committee of the Red Cross, citing anonymous government officials.
According to the reports, the two are a mother and daughter who are U.S. citizens. It is unclear whether they are also Israeli citizens.
Hamas militants launched a surprise attack on Israel on Oct. 7, firing thousands of rockets and infiltrating Israeli territory, where it seized a large number of hostages. The brigades previously stated they were holding 200 to 250 captives in Gaza.
Photo: People inspect a building destroyed in Israeli airstrikes in the southern Gaza Strip city of Khan Younis, on Oct. 16, 2023. (Photo by Rizek Abdeljawad/Xinhua)