Connect with us

China

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အသင့်ရှိကြောင်း သမ္မတ ရှီပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် BRICS စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ တစ်နိုင်ငံ၏ တိုးတက်မှုကို တစ်နိုင်ငံက ပံ့ပိုးကူညီရေးနှင့် ဘုံသာယာဝပြောမှုအတွက် တွန်းအားပေးရေးအတွက် ဆောင်ရွက်ရန် အသင့်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် ညစာစားပွဲသို့ ပေးပို့သော သဝဏ်လွှာတွင် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်နိုင်ငံ အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု အခြေခံမူ ၃ ချက်အရ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်အတူ အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှု၊ ကွဲပြားမှုအမျိုးမျိုးကို သင့်တင့်လျောက်ပတ်သော စီမံခန့်ခွဲမှု အဆင့်မြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် လိုက်လျောညီထွေရှိစေရန် ပူးတွဲကြိုးပမ်းအားထုတ်ရန်၊ တစ်နိုင်ငံ၏ တိုးတက်မှုကို တစ်နိုင်ငံက ပံ့ပိုးကူညီရန်၊ ဘုံသာယာဝပြောမှုကို တွန်းအားပေးဖော်ဆောင်ရန်၊ နှစ်နိုင်ငံလုံးနှင့် ကမ္ဘာကြီးတစ်ခုလုံးအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန် ဆောင်ရွက်သွားလိုကြောင်း ရှီက သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi says China ready to promote win-win cooperation with U.S.

BEIJING, Oct. 25 (Xinhua) — Chinese President Xi Jinping on Wednesday said that China is ready to work with the United States to contribute to each other’s progress and push for common prosperity.
In a congratulatory message sent to the annual Gala Dinner of the National Committee on U.S.-China Relations, Xi said that under the three principles of mutual respect, peaceful coexistence and win-win cooperation, China is willing to work with the U.S. side to advance mutually beneficial cooperation, properly manage differences, and make joint efforts to meet global challenges, contribute to each other’s progress and push for common prosperity so as to deliver benefits to both countries and the whole world.
Photo: Chinese President Xi Jinping delivers a keynote speech in virtual format at the opening ceremony of the BRICS Business Forum, June 22, 2022. (Xinhua/Ju Peng)