Connect with us

China

တရုတ်နိုင်ငံတွင် အများပြည်သူဆိုင်ရာ ပြစ်မှုဆိုင်ရာသတင်းများ လျော့နည်းလာ

ရန်ကုန်မြို့ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်ညာမှု သံသယရှိသူ ၅ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၆ ရက်က လွှဲပြောင်းပေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က မှုခင်းများနှင့် အခြားဥပဒေချိုးဖောက်မှုများ နှိမ်နင်းရေးဆောင်ရွက်ချက်များကြောင့် နိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့ထံ သံသယဖြစ်ဖွယ် ပြစ်မှုဆိုင်ရာမှုခင်းအတွက် ဖုန်းခေါ်ဆိုမှုများမှာ ယခင်နှစ် နွေရာသီကာလကထက် ယခုနှစ် နွေရာသီကာလ၌ သိသိသာသာ လျော့နည်းလာခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇွန် ၂၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း နိုင်ငံတစ်ဝန်း မှုခင်းအမျိုးမျိုးနှင့် မှုခင်းငယ်များ တိုက်ဖျက်ရေး အထူးစစ်ဆင်ရေးများစွာ ဆောင်ရွက်ခဲ့ပြီး ယင်းကာလအတွင်း မှုခင်းဖြစ်ပွားမှုများမှာ ၂၀၂၂ ခုနှစ် ကာလတူထက် ၁၃.၈ ရာခိုင်နှုန်း လျော့ကျလာခဲ့ကြောင်း ဝန်ကြီးဌာန၏ ပြည်သူ့လုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူး Qiu Baoli က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယင်းကာလ၌ စစ်ဆင်ရေးအတွင်း ပြစ်မှုဆိုင်ရာမှုခင်း ၅၆၆,၀၀၀ ကျော်နှင့် မှုခင်းငယ် အရေအတွက် ၂ သန်းကျော် ဖြေရှင်းနိုင်ခဲ့ပြီး သံသယရှိသူ ၉၇၅,၀၀၀ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း Qiu က ဆိုသည်။

ထို့ပြင် ရဲတပ်ဖွဲ့က ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်ညာမှုကို ပစ်မှတ်ထားကာ အထူးစစ်ဆင်ရေးများလည်း ဆောင်ရွက်ခဲ့သည်။ ထိုစစ်ဆင်ရေးများနှင့်ပတ်သက်၍ ရလဒ်များအဖြစ် ဩဂုတ်လမှစတင်ကာ ဆက်စပ်ပြစ်မှုများနှင့် ယင်းအမှုများနှင့် စပ်လျဉ်းသော ပိုင်ဆိုင်မှု ဆုံးရှုံးမှုများမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်းနှင့် ၂၀.၅ ရာခိုင်နှုန်း အသီးသီးလျော့ကျသွားခဲ့ကြောင်း ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး Wang Zhizhong က ပြောခဲ့သည်။

ထို့အတူ ရဲတပ်ဖွဲ့အာဏာပိုင်များသည် ယခုနှစ်အတွင်း ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးကြိုးပမ်းမှုများကို သက်ဆိုင်သောဌာနများနှင့်လည်း အတူတကွလက်တွဲဆောင်ရွက်ခဲ့ရာ အစောပိုင်း ကြိုတင်သတိပေးစာပေးပို့မှုများ၊ ညွှန်ကြားချက်များနှင့် သတိပေးမှု အရေအတွက် ၁ ဘီလီယံကျော် ပေးပို့နိုင်ခဲ့ကြောင်း Wang က ဆိုသည်။ (Xinhua)

………………………………
(English Version)
China sees drop in public reports of criminal cases: police
BEIJING, Oct. 24 (Xinhua) — Thanks to Chinese police campaigns to crack down on crimes and other violations, the number of calls to the police nationwide reporting suspected criminal cases was significantly lower this summer than during summer last year, according to China’s Ministry of Public Security on Tuesday.
The ministry launched several rounds of special campaigns against all kinds of crimes and minor offenses nationwide between June 25 and Sept. 30, with the result that reported crimes during the period were 13.8 percent lower than in the same period of 2022, said Qiu Baoli, director of the ministry’s bureau of public security administration, at a press conference.
More than 566,000 criminal cases and over 2 million cases of minor offenses were solved during the period, with a total of 975,000 suspects captured in the campaign, according to Qiu.
The police launched special campaigns targeting telecom and online fraud. As a result, since August, the number of relevant cases and related property losses dropped by 24 percent and 20.5 percent, respectively, on a year-on-year basis, said Wang Zhizhong, vice minister of public security.
The police authority also worked with other relevant departments on the anti-fraud efforts, sending over 1 billion early-warning text messages, instructions and reminders this year, Wang said.
Photo: Myanmar police hand over five telecom and internet fraud suspects to Chinese police at Yangon International Airport in Yangon, Myanmar, Aug. 26, 2023. (Chinese embassy in Myanmar/Handout via Xinhua)