Connect with us

China

သမ္မတ ရှီက အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရေးအတွက် စည်းလုံးညီညွတ်ကြရန် တိုက်တွန်း

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် အမေရိကန်ရှိ ချစ်ကြည်ရေးအဖွဲ့အစည်းများက တည်ခင်းဧည့်ခံသော ညစာစားပွဲတွင် မိန့်ခွန်းပြောကြားနေသော သမ္မတ ရှီကျင့်ဖိန်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် “အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီအီးအို ထိပ်သီးအစည်းအဝေးတွင် အာရှ-ပစိဖိတ် စာမျက်နှာသစ်ရေးသားရန် စည်းလုံးညီညွတ်ရေး ရည်ရွယ်ချက်ဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ရေးသားထားသော မိန့်ခွန်းကို နိုဝင်ဘာ ၁၆ ရက်က ပေးပို့ခဲ့သည်။
အဆိုပါ မိန့်ခွန်းတွင် ရှီက လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအကြာက အာရှ-ပစိဖိတ်ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လိုက်လျှောက်ခဲ့ကြကြောင်း၊ APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ လျင်မြန်သော တိုးတက်မှုလမ်းကြောင်းပေါ် တက်လှမ်းရန် အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း စတင်ခဲ့ကြောင်း၊ အာရှ-ပစိဖိတ်ဒေသကို ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် စွမ်းဆောင်မှု၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာတည်ငြိမ်သော ကျောက်ဆူးအဖြစ် ပြောင်းလဲပေးခဲ့ကြောင်း ထောက်ပြခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်း မိမိတို့အနေဖြင့် ဒေသဆိုင်ရာဝါဒ၊ တံခါးဖွင့်ဝါဒနှင့် အားလုံးပါဝင်မှု ဖွင့်လှစ်ဆောင်ရွက်ရန် ကတိပြုခဲ့ကြောင်း၊ နိုင်ငံအချင်းချင်း၏ အားအင်များမှ လေ့လာခဲ့ကြကြောင်း၊ လိုအပ်မှုများ ဖလှယ်ခဲ့ကြကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အလေးထားခဲ့ကြကြောင်း၊ ပရဟိတစိတ်ဓာတ်၊ သဘောတူညီမှု တည်ဆောက်ခြင်းနှင့် တိုးတက်မှု မြှင့်တင်ခြင်းပေါ် အခြေခံသည့် “APEC ချဉ်းကပ်မှု” ကို ပူးတွဲဖော်ထုတ်ခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု၏ ထူးခြားသောခရီးမှ သင်ခန်းစာများစွာ ရယူနိုင်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi calls for unity to achieve better Asia-Pacific cooperation
SAN FRANCISCO, Nov. 16 (Xinhua) — Chinese President Xi Jinping on Thursday delivered a written speech titled “Meeting challenges with unity of purpose to write a new chapter for Asia-Pacific” at the Asia-Pacific Economic Cooperation (APEC) CEO Summit.
In the written speech, Xi pointed out that three decades ago, Asia-Pacific leaders followed the trend toward peace and development, and convened the inaugural APEC Economic Leaders’ Meeting, enabling Asia-Pacific development and economic globalization to embark on a fast track of growth, turning the region into a powerhouse for world economic growth and an anchor of stability for global development.
Over the past three decades, we have stayed committed to open regionalism, opening up and inclusiveness, learned from each other’s strengths, exchanged needs, focused on development and jointly developed “the APEC Approach” based on the principles of voluntarism, consensus-building and incremental progress, Xi said, adding that there is so much we can draw from this remarkable journey of Asia-Pacific cooperation.
Photo: Chinese President Xi Jinping delivers a speech at Welcome Dinner by Friendly Organizations in the United States, in San Francisco, the United States, Nov. 15, 2023. (Xinhua/Rao Aimin)