Connect with us

China

တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ပြည်သူများ၏ အခန်းကဏ္ဍကို သမ္မတ ရှီ အလေးထားပြောကြား

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ပြည်သူများ၏ အခန်းကဏ္ဍအား အလေးထားကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာ ၁၅ ရက်တွင် အမေရိကန်နိုင်ငံရှိ ချစ်ကြည်ရေးအသင်းများမှ တည်ခင်းဧည့်ခံသော ညစာစားပွဲ၌ ပြောကြားခဲ့သည်။

“တရုတ်-အမေရိကန် ဆက်ဆံရေး အုတ်မြစ်ကို ကျွန်တော်တို့ရဲ့ ပြည်သူများက ချမှတ်ခဲ့ပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးတံခါးကို ကျွန်တော်တို့ရဲ့ ပြည်သူတွေက ဖွင့်လှစ်ခဲ့ပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေး ဇာတ်လမ်းကို ကျွန်တော်တို့ရဲ့ပြည်သူတွေက ရေးသားခဲ့တာဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး အနာဂတ်ကိုလည်း ပြည်သူတွေကပဲ ဖန်တီးသွားမှာဖြစ်ပါတယ်” ဟု ရှီက အလေးထားပြောခဲ့သည်။

“မိမိတို့အနေနဲ့ ပြည်သူအချင်းချင်း အပြန်အလှန် အကျိုးပြုနိုင်ဖို့ တံတားတွေ၊ လမ်းတွေ ပိုပြီးဖောက်လုပ်ရမှာ ဖြစ်ပါတယ်။ အတားအဆီးတွေ ဒါမှမဟုတ် ကြောက်မက်ဖွယ်သက်ရောက်မှုတွေကို ဖန်တီးရမှာမဟုတ်ပါဘူး” ဟု သမ္မတ ရှီက ဆိုသည်။

ထို့ပြင် တရုတ်-အမေရိကန် ဆက်ဆံရေး တံခါးသည် တစ်ကြိမ်ဖွင့်လှစ်ပြီးပါက ထပ်မံပိတ်ထားနိုင်မည် မဟုတ်ကြောင်း၊ တရုတ်-အမေရိကန် ချစ်ကြည်ရင်းနှီးမှုကလည်း တစ်ကြိမ်စတင်ပြီးပါက လမ်းခုလတ်တွင် လွဲချော်နိုင်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi stresses role of people in China-U.S. relations
SAN FRANCISCO, Nov. 15 (Xinhua) — Chinese President Xi Jinping stressed here Wednesday the role of people in China-U.S. relations at a welcome dinner by friendly organizations in the United States.
“The foundation of China-U.S. relations was laid by our peoples,” Xi said, stressing that “the door of China-U.S. relations was opened by our peoples,” “the stories of China-U.S. relations are written by our peoples” and “the future of China-U.S. relations will be created by our peoples.”
“We should build more bridges and pave more roads for people-to-people interactions. We must not erect barriers or create a chilling effect,” he said.
Meanwhile, the Chinese president said he was convinced the door of China-U.S. relations cannot be shut again once opened, and the cause of China-U.S. friendship cannot be derailed halfway once started.