Connect with us

Africa & Middle East

တူရကီတွင် ငလျင်ကြောင့် သေဆုံးသူ ၁၇,၀၀၀ ဦးအထိရောက်ရှိ၊ အသက်ရှင်ကျန်သူများ ကိုရှာဖွေမှု မျှော်လင့်ချက်အားလျော့လာ

တူရကီနိုင်ငံ တောင်ပိုင်းပြည်နယ် Hatay ရှိ Antakya တွင် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေသော တရုတ်နိုင်ငံရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ Adiyaman ပြည်နယ်တွင် ငလျင်ကြောင့်ပျက်စီးခဲ့သည့် အဆောက်အအုံတစ်ခု၏အပျက်အစီးများကြား ကယ်ဆယ်ရေးလုပ်ဆောင်နေသူများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ တောင်ပိုင်း Hatay ပြည်နယ်ရှိ Antakya မြို့တွင် ပြိုကျနေသော အဆောက်အအုံအောက်မှ အသက်ရှင်ကျန်နေသည့် အမျိုးသမီးတစ်ဦးကို ဆွဲထုတ်နေသည့် တရုတ်နိုင်ငံရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် တူရကီ ကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကယ်ဆယ်ရေးသမားများက တူရကီနိုင်ငံ Adiyaman ပြည်နယ်ရှိ ပြိုကျ အဆောက်အအုံ တစ်ခု၏ အပျက်အစီးများကြား အသက်ရှင်ကျန်သူများအား ရှာဖွေနေစဉ် ဝမ်းနည်းပူဆွေးနေသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် ပြင်းထန်သည့်ငလျင်ကြီးနှစ်ခုလှုပ်ခတ်ပြီးနောက် လေးရက်အကြာ မျှော်လင့်ချက်များ အားလျော့လာသော်လည်း ကယ်ဆယ်ရေးအဖွဲ့များသည် ဖေဖော်ဝါရီ ၉ ရက်တွင် ပြိုကျနေသော အဆောက်အအုံ အပျက်အစီးများကြားပိတ်မိနေသည့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် မရပ်မနား ဆက်လက် အားထုတ်လုပ်ဆောင်လျက်ရှိသည်။ တူရကီနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် ငလျင်လှုပ်ခတ်မှုများကြောင့် ဖေဖော်ဝါရီ ၉ ရက်တွင် သေဆုံးသူအရေအတွက် ၁၇,၁၃၄ ဦးနှင့် ဒဏ်ရာရသူ ၇၁,၈၀၆ ဦးအထိမြင့်တက်ခဲ့ကြောင်း တူရကီ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့(AFAD) အဆိုအရ သိရသည်။ (Xinhua)

………………………………….
(English Version)
Hopes fade for finding quake survivors as death toll surpasses 17,000 in Türkiye
Rescue teams continued to spare no effort to search for more survivors trapped under the rubble of collapsed buildings on Thursday, though hopes faded quickly on the 4th day after two massive earthquakes jolted Türkiye.
The death toll from the devastating earthquakes climbed to 17,134 in Türkiye, with 71,806 injuries as of Thursday, according to Türkiye’s Disaster and Emergency Management Authority (AFAD).

Photo 1: A member of the China Search and Rescue Team carries out rescue operation in Antakya in the southern province of Hatay, Türkiye, on Feb. 9, 2023. (Xinhua/Shadati)

Photo 2: Rescuers search for survivors among the rubble of a building destroyed in quake-hit Adiyaman Province, Türkiye, Feb. 9, 2023. (Photo by Mustafa Kaya/Xinhua)

Photo 3: Members of the China Search and Rescue Team and Turkish rescuers join hands in pulling out a woman survivor from a collapsed building in Antakya in the southern province of Hatay, Türkiye, Feb. 9, 2023. (Photo by Wang Tengfei/Xinhua)

Photo 4: A man in grief while rescuers search for survivors among the debris of a building destroyed in the earthquake in Adiyaman Province, Türkiye, Feb. 9, 2023. (Photo by Mustafa Kaya/Xinhua)