Connect with us

China

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှု ပထမငါးလအတွင်း တိုးတက်လာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ ရှီးအန်း နိုင်ငံတကာဆိပ်ကမ်းသို့ ရောက်ရှိလာသော ကာဇက်စတန်နိုင်ငံမှ ဂျုံတန်ချိန် ၁,၃၀၀ တင်ဆောင်လာသော တရုတ်-ဥရောပ ကုန်တင်ရထားအား ၂၀၂၃ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုသည် သယ်ယူပို့ဆောင်မှု စွမ်းရည်နှင့် ထိရောက်သော စဉ်ဆက်မပြတ်မြင့်တက်မှုများနှင့်အတူ ယခုနှစ် ဇန်နဝါရီလမှ မေအတွင်း တိုးတက်လာခဲ့ကြောင်း သိရသည်။

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှု ပမာဏသည်လည်း ယခုနှစ် ပထမငါးလအတွင်း ခရီးစဉ် ၇,၁၂၆ ခု ရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း China State Railway Group ကုမ္ပဏီလီမိတက်အရ သိရသည်။

အဆိုပါ ကာလအတွင်း ကုန်တင်ရထားများဖြင့် ကုန်စည် ၇၇၄,၀၀၀ TEU သယ်ယူပို့ဆောင်ခဲ့ကြောင်း ယခင်နှစ် ကာလတူထက် ၃၁ ရာခိုင်နှုန်း မြင့်တင်ခဲ့ကြောင်း ကုမ္ပဏီက ဆိုသည်။

ထို့ပြင် မေလတစ်လတည်းတွင်ပင် တရုတ်-ဥရောပ ကုန်တင်ရထားခရီးစဉ်များမှာ ၁,၅၁၅ ခုရှိခဲ့ရာ ယမန်နှစ်ကထက် ကာလတူထက် ၁၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ရထားများဖြင့် သယ်ယူပို့ဆောင်ခဲ့သော ကုန်စည်ပမာဏမှာလည်း ၁၆၅,၀၀၀ TEU ခန့်ရှိခဲ့ကာ ၂၀၂၂ ခုနှစ် အလားတူကာလကထက် ၂၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

မေလကုန်အထိ ကုန်တင်ရထားဝန်ဆောင်မှုများသည် ဥရောပနိုင်ငံ ၂၅ နိုင်ငံရှိ မြို့ပေါင်း ၂၁၃ မြို့အထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China-Europe freight train services expand in first 5 months
BEIJING, June 24 (Xinhua) — China-Europe freight train services saw solid growth from January to May this year, with the transport capacity and efficiency continuously rising.
The number of China-Europe freight train services increased by 16 percent year on year to 7,126 trips in the first five months of the year, according to the China State Railway Group Co., Ltd.
Some 774,000 20-foot equivalent units (TEU) of goods were transported via the freight trains during this period, up 31 percent from a year ago, the company said.
In May alone, the number of China-Europe freight train trips increased 13 percent year on year to 1,515. The trains transported about 165,000 TEU of goods, marking an increase of 29 percent from a year ago.
As of the end of May, the freight train services had reached 213 cities in 25 European countries.
Photo: This aerial photo taken on Jan. 13, 2023 shows a China-Europe freight train loaded with 1,300 tonnes of flour from Kazakhstan arriving at Xi’an International Port in Xi’an, northwest China’s Shaanxi Province. (Xinhua/Li Yibo)