Connect with us

China

တရုတ်နိုင်ငံက ပထမဆုံး သံလမ်းတစ်လမ်းပြေးရထားလမ်း ဖွင့်လှစ်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် သံလမ်း တစ်လမ်းပြေးသံလိုက်ရထားလိုင်းသစ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး စီးပွားရေးလုပ်ငန်းသုံး သံလမ်းတစ်လမ်းပြေးရထားလိုင်းကို နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် စက်တင်ဘာ ၂၆ ရက်က အများပြည်သူများ အသုံးပြုနိုင်ရန် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် သံလမ်း တစ်လမ်းပြေးသံလိုက်ရထားလိုင်းသစ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် သံလမ်း တစ်လမ်းပြေးသံလိုက်ရထားလိုင်းသစ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် သံလမ်း တစ်လမ်းပြေးသံလိုက်ရထားလိုင်းသစ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် သံလမ်း တစ်လမ်းပြေးသံလိုက်ရထားလိုင်းသစ် ဝန်ဆောင်မှုကို လေ့လာနေသည့်ခရီးသည်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယင်းစီမံကိန်း ပထမအဆင့် ပြေးဆွဲမှုသည် စုစုပေါင်း အကွာအဝေး ၁၀.၅ ကီလိုမီတာရှိပြီး ဘူတာရုံ ၆ ရုံကို ဖြတ်သန်းပြေးဆွဲမည်ဖြစ်ကြောင်း ရထားလိုင်းလည်ပတ်သူ Optics Valley Traffic ကုမ္ပဏီက ပြောကြားခဲ့သည်။
အဆိုပါ ရထားလိုင်းသည် အချိန် ၁၀ မိနစ်တိုင်း ရထားတစ်စင်း ထွက်ခွာမည်ဖြစ်ကာ နေ့စဉ် အချိန် ၁၂ နာရီ လည်ပတ်ပြေးဆွဲလျက်ရှိသည်။

ရထားပြေးဆွဲမှု အမြန်နှုန်းအနေဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၆၀ ရှိကြောင်း၊ လည်ပတ်ပြေးဆွဲမှု လုပ်ငန်းစဉ်တစ်ခုလုံးဖြစ်သည့် ရထားထွက်ခွာခြင်း၊ ဘူတာရုံများသို့ဝင်ရောက်ခြင်း၊ တံခါးအဖွင့် အပိတ် စသည်တို့မှာ အပြည့်အဝ အလိုအလျောက်စနစ်ဖြစ်ကာ လူလိုက်ပါဆောင်ရွက်ရန် မလိုအပ်ကြောင်း သိရသည်။

Optics Valley Photon ဟု လူသိများသော သံလမ်းတစ်လမ်းပြေးရထားလိုင်းသည် မြေပြင်မှအထက်တွင် တည်ရှိသောရထားလမ်းမှ ချိတ်ဆွဲ၍ ရထားပြေးဆွဲထားခြင်းဖြစ်သည်။ ခရီးသည်များအနေဖြင့် ၎င်းတို့၏ ခြေထောက်အောက်ရှိ ဖန်သားပြင်ကြမ်းခင်းမှတစ်ဆင့် မြို့မြင်ကွင်းကို လုံးဝကွဲပြားခြားနားစွာ ရှုမြင်ခံစားနိုင်ကြောင်း သိရသည်။
အဆိုပါ ရထားလိုင်းကို မေလက စမ်းသပ်ပြေးဆွဲခဲ့ချိန်မှစ၍ နိုင်ငံတစ်ဝန်းရှိ ခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုဖြစ်စေခဲ့သည်။ (Xinhua)

………………………………
(English Version)
China launches first suspended monorail line
WUHAN, Sept. 26 (Xinhua) — China’s first commercial suspended monorail line opened to the public on Tuesday in Wuhan, capital of central China’s Hubei Province.
The operational first phase of the project covers a total distance of 10.5 km and features six stations, according to Optics Valley Traffic Company, the operator of the line.
The suspended monorail line operates for 12 hours every day, with a monorail departing every 10 minutes.
The maximum operating speed of the monorail train is 60 km per hour. The entire operation process, including starting, entering stations, opening and closing doors, is fully automated and requires no human intervention.
The monorail train, also known as “the Optics Valley Photon,” appears to hang upside down because the track is positioned above. Passengers can enjoy the city from an entirely different perspective through the glass floor beneath their feet.
Since its test operation in May, the monorail has attracted tourists from across the nation.
Photo 1, 2, 3, 4 : This aerial photo taken on Sept. 26, 2023 shows a new suspended monorail line in operation in Wuhan, central China’s Hubei Province. (Photo by Du Zixuan/Xinhua)
Photo 5: Passengers experience a new suspended monorail line service in Wuhan, central China’s Hubei Province, Sept. 26, 2023. (Photo by Du Zixuan/Xinhua)