Connect with us

China

တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်မှုက ကမ္ဘာလုံးဆိုင်ရာစက်မှုကွင်းဆက်ကို မောင်းနှင်ပေး

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် GAC Aion New Energy Automobile ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော အစီးရေ သန်း ၂၀ မြောက် စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEV) ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေမြို့တွင် ဘောလုံးကွင်း ၁၆ ကွင်းနှင့်ညီမျှသော မော်တော်ကားအလုပ်ရုံတစ်ခုတွင် စက်ရုပ်ပေါင်း ၈၀၀ ကျော်က စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEVs) မော်ဒယ်အမျိုးမျိုးကို တပ်ဆင်ရာ၌ စုပေါင်းကာ လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ အလုပ်ရုံသည် Volkswagen ကုမ္ပဏီ၏ NEV ထုတ်လုပ်ရေးစက်ရုံသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ နိုင်ငံအတွင်း လျင်မြန်စွာတိုးတက်လာသော ဈေးကွက်တောင်းဆိုမှုမြင့်မားလာခြင်းကို ဖြည့်ဆည်းရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူများနှင့် ရောင်းချသူများသည် ဂျာမနီနိုင်ငံ မြူးနစ်မြို့ International Motor Show (IAA) ပြပွဲတွင် အရောင်းပြခန်းများဖွင့်လှစ်ကာ အခိုင်အမာနေရာရလာခဲ့သလို Volkswagen ကလည်း တရုတ်ဈေးကွက်၌ ဒေသတွင်းလုပ်ငန်းကွင်းဆက် တည်ထောင်မည့် ကတိကဝတ်ကို ထပ်လောင်းဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။
စွမ်းအင်သစ်သုံးမော်တော်ယာဉ်များဆိုင်ရာ ကမ္ဘာ့ဈေးကွက် တိုးတက်လာခြင်းနှင့်အတူ စက်မှုလုပ်ငန်းကွင်းဆက်တွင် တရုတ်မော်တော်ကားထုတ်လုပ်သူများစွာက ကျော်ကြားသည့် စီးပွားရေးလုပ်ငန်း ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s EV manufacturing powers global industry chain
BEIJING, Sept. 29 (Xinhua) — In an automotive workshop spanning an area equivalent to 16 soccer fields in Hefei, a city in east China’s Anhui Province, more than 800 robots are working collaboratively to assemble six different models of new energy vehicles (NEVs).
This workshop is part of Volkswagen’s new NEV production facility, designed to address the swiftly increasing demand in the country.
While Chinese electric car manufacturers and suppliers made a strong presence at the bustling showrooms of this year’s International Motor Show (IAA) in Munich, Germany, Volkswagen reiterated its commitment to establishing a localized supply chain in the Chinese market.
The global market for NEVs is exploding, with multiple Chinese manufacturers along the industrial chain emerging as star enterprises.
Photo: This photo taken on July 3, 2023 shows China’s 20 millionth new energy vehicle (NEV) produced by GAC Aion New Energy Automobile Co., Ltd. in Guangzhou, south China’s Guangdong Province. (Xinhua/Deng Hua)