Connect with us

China

တရုတ်နိုင်ငံက ငလျင်ဒဏ်သင့် ကန်းစုပြည်နယ်သို့ ကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့စေလွှတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်ရှိ ငလျင်ဒဏ်သင့်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မထွက်ခွာမီ စုဝေးနေကြသော ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၊ မြေငလျင်အန္တရာယ်လျော့ပါးရေးဌာနချုပ်က အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနနှင့်အတူ ကန်းစုပြည်နယ်ရှိ ငလျင်ဒဏ်ခံစားနေရသော ဒေသများသို့ ကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် ဟိုင်တုန်းမြို့ မင်ဟဲဟွေ့နှင့် တူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ချောင်ထန်းကျေးရွာတွင် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် Jishishan ခရိုင်တွင် ဒီဇင်ဘာ ၁၈ ရက် ညသန်းခေါင်ယံက အင်အား ၆.၂ အဆင့်ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် ငလျင်ဆိုင်ရာ နောက်ဆုံးအချက်အလက်များကို ရရှိနိုင်ရန် တရုတ်နိုင်ငံ မြေငလျင်ဦးစီးဌာန၊ ဒေသန္တရအာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။

ဝန်ကြီးဌာနက ရှာဖွေ၊ ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်မှုများဆိုင်ရာ ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းနှင့် ငလျင်ဒဏ်သင့်ဒေသများသို့ ဘက်စုံကယ်ဆယ်ရေးအဖွဲ့များကိုလည်း ဖြန့်ကျက်စေလွှတ်ထားကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်နှင့် ဒေသဆိုင်ရာ မီးသတ်ဌာနများကလည်း ကယ်ဆယ်ရေးဝန်ထမ်းများနှင့် မီးသတ်ကားများကို ငလျင်ဒဏ်ခံစားရသောနေရာများသို့ စေလွှတ်ထားခဲ့သည်။

လက်ရှိတွင်မူ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား တန်ဖိုးတွက်ချက်အကဲဖြတ်နိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China sends work team to quake-hit Gansu
BEIJING, Dec. 19 (Xinhua) — The earthquake relief headquarters of China’s State Council, along with the Ministry of Emergency Management, have dispatched a work team to the earthquake-stricken areas in Gansu Province.
A 6.2-magnitude earthquake jolted Jishishan county in the northwestern province late Monday evening.
The ministry has communicated with the China Earthquake Administration and local authorities to obtain the latest information of the disaster.
It has provided guidance for search and rescue efforts, and deployed comprehensive rescue teams to the affected areas.
Provincial and local fire departments have dispatched rescue personnel and fire engines to the scene.
Assessments of the damage caused by the earthquake are currently underway.
Photo 1: Members of the People’s Armed Police Force rally before departure for rescue operations in earthquake-jolted area in northwest China’s Gansu Province, Dec. 19, 2023. (Photo by Hou Chonghui/Xinhua)
Photo 2: This aerial photo taken on Dec. 19, 2023 shows rescuers in operation at Caotan Village of Minhe Hui and Tu Autonomous County in Haidong City, northwest China’s Qinghai Province. (Xinhua/Zhang Hongxiang)