Connect with us

China

တရုတ်နိုင်ငံ၏ MA60 မီးသတ်လေယာဉ်က အသိအမှတ်ပြုလက်မှတ်ရရှိရန် ပိုမိုနီးကပ်လာ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျင်းမန်တွင် ရေစုဆောင်းခြင်းနှင့် ရေဖျန်းချခြင်း စမ်းသပ်မှုအတွင်း AG600M မီးသတ်လေယာဉ်က ရေဖျန်းချနေသည်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကိုယ်တိုင်တီထွင်ထုတ်လုပ်ထားသော၊ Modern Ark ဘက်စုံသုံးလေယာဉ်အုပ်စု၏ အဖွဲ့ဝင်သစ်ဖြစ်သော MA60 မီးသတ်လေယာဉ်သည် လေကြောင်းပျံသန်းရေး အသိအမှတ်ပြုလုပ်ငန်းစဉ် ရှေ့ဆက်တိုးတက်လျက်ရှိကြောင်း တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) ထံမှ သိရသည်။

အရေးပေါ်ကယ်ဆယ်ရေးမစ်ရှင်ထမ်းဆောင်ရန် ပုံစံထုတ်လုပ်သော လေယာဉ်ဖြစ်သည့်အားလျော်စွာ MA60 လေယာဉ်သည် အနိမ့်ပျံသန်း၍ အတားအဆီးများကို ကျော်လွှားပျံသန်းနိုင်ခြင်းနှင့် ရေ ၆ တန် ဖျန်းချနိုင်ခြင်း အပါအဝင် အဓိကကျသော စမ်းသပ်ပျံသန်းမှု အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံ၏ ဦးဆောင်လေယာဉ်ထုတ်လုပ်ရေးဖြစ်သော AVIC က ပြောခဲ့သည်။

အဆိုပါ လေယာဉ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၅၅ မီတာဖြင့် အလွန်နိမ့်သောအနေအထားတွင် သတ်မှတ်ထားသောနေရာပေါ် ရေဖျန်းချခြင်းလုပ်ငန်း အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ စမ်းသပ်ပျံသန်းခြင်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ လေဆိပ်၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအောင်မြင်မှုသည် အထူးရည်ရွယ်ချက်ပါဝင်သော လေယာဉ်၏ မီးသတ်မစ်ရှင်စနစ် ပင်မနည်းပညာအညွှန်းကိန်းများတွင် ထိုးဖောက်ကျော်လွှားမှုတစ်ခုဖြစ်ပြီး MA60 မီးသတ်လေယာဉ်စီမံကိန်း၏ သမိုင်းဝင်မှတ်တိုင်ဖြစ်ကာ လေယာဉ်၏ ပျံသန်းနိုင်မှု အသိအမှတ်ပြုလုပ်ငန်းစဉ်ဆိုင်ရာ ခိုင်မာသောအုတ်မြစ်လည်းဖြစ်ကြောင်း AVIC က ဆိုသည်။

ယခုအခါ လေယာဉ်တည်ဆောက်ရေးအဖွဲ့သည် လေယာဉ်၏ ပျံသန်းစဉ်လိုက်နာမှုအကဲဖြတ်ခြင်းအတွက် နောက်ဆက်တွဲ စမ်းသပ်ပျံသန်းမှုများကို အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း AVIC က ဖြည့်စွက်ပြောကြားခဲ့သည်။
လက်ရှိအချိန်ုအထိ Modern Ark အုပ်စုဝင် လေယာဉ် အစီးရေ ၁၀၀ ကျော်ကို ကမ္ဘာအနှံ့ ပို့ဆောင်ထားပြီးဖြစ်ကာ ပြည်တွင်း၊ ပြည်ပရှိ လမ်းကြောင်း ၃၀၀ ခန့်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း AVIC ဖော်ပြချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
China’s MA60 firefighting aircraft moves one step closer to obtaining certification
BEIJING, Dec. 20 (Xinhua) — China’s independently-developed MA60 firefighting aircraft, a new member of the Modern Ark multipurpose aircraft family, is progressing forward on its airworthiness certification process, according to the Aviation Industry Corporation of China (AVIC).
As an aircraft model tailored to serve emergency rescue missions, MA60 successfully completed a key test flight, which consisted of hedgehopping and dropping six tonnes of water, said the AVIC, China’s leading aircraft manufacturer.
The aircraft successfully conducted the water drop over the scheduled site at a very low altitude of 55 meters. The test took place at an airport in southwest China’s Sichuan Province.
This success marked a breakthrough in core tech-indicators of the firefighting mission system of this special-purpose aircraft. It is a milestone of the MA60 firefighting aircraft project and lays a solid foundation for its airworthiness certification process, said the AVIC.
The development team will now accelerate follow-up flight tests for the aircraft’s airworthiness compliance verification, it added.
By now, more than 100 aircraft of the Modern Ark family has been delivered globally and served around 300 routes at home and abroad, according to the AVIC.
Photo: An AG600M firefighting aircraft drops water during a gathering and dropping water test in Jingmen, central China’s Hubei Province, Sept. 27, 2022. (Xinhua/Wu Zhizun)