Connect with us

China

တရုတ်-နီကာရာဂွာ ဆက်ဆံရေးကို အစပြုမှုအသစ်အဖြစ် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးဖြင့် သစ်လွင်သောအောင်မြင်မှုများ ရရှိရေးအတွက် မြှင့်တင်ရန် အသင့်ရှိ

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နီကာရာဂွာနိုင်ငံ သမ္မတ Daniel Ortega နှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးကို အစပြုမှုအသစ်အဖြစ် ကြေညာထားသည့် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးဖြင့် သစ်လွင်သော အောင်မြင်မှုများရရှိရေးအတွက် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် အသင့်ရှိကြောင်း ဒီဇင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။

သမ္မတ ရှီက Ortega နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် ၎င်းအနေဖြင့် စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်အကျိုးပြုမှုနှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေသော ရလဒ်များ၏ သာဓကအဖြစ် ဆောင်ရွက်ရာတွင် နီကာရာဂွာ ခေါင်းဆောင်နှင့်အတူ ပူးပေါင်းလက်တွဲရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။

တရုတ်နိုင်ငံသည် နီကာရာဂွာနိုင်ငံ၏ ယုံကြည်စိတ်ချရသော မိတ်ဆွေဖြစ်ရန် အသင့်ရှိပြီး ၎င်း၏ နိုင်ငံလွတ်လပ်ရေးနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် နီကာရာဂွာနိုင်ငံအား အခိုင်အမာ ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း၊ နီကာရာဂွာအနေဖြင့် ပြင်ပဝင်ရောက်စွက်ဖက်မှုများကို ငြင်းပယ်ရာတွင်လည်း တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုမည်ဖြစ်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံက နီကာရာဂွာနိုင်ငံနှင့်အတူ ဗိုလ်ကျစိုးမိုးမှု၊ အာဏာနိုင်ငံရေးကို ဆန့်ကျင်ကန့်ကွက်ရေး ပိုမိုတရားမျှတ၍ ဆင်ခြင်တုံတရားရှိသော နိုင်ငံတကာအစီအစဉ်တစ်ရပ်ဖော်ထုတ်မှုကို မြှင့်တင်ရေး ဆောင်ရွက်ရန် အသင့်ရှိကြောင်း ရှီက ဆိုသည်။

နီကာရာဂွာနိုင်ငံ သမ္မတ Daniel Ortega က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၌ ထင်ရှားသော အောင်မြင်မှုများက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုလျက်ရှိသလို ကမ္ဘာကြီးထံ မျှော်လင့်ချက်ကို ဆောင်ကြဉ်းပေးလျက်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အာရှတိုက်၊ အာဖရိကတိုက်နှင့် လက်တင်အမေရိကတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်သူများနှင့်အတူ တိုးတက်အောင်မြင်မှုများကို မျှဝေရန်နှင့် ၎င်းတို့၏ သာယာဝပြောမှုကို မြှင့်တင်ပေးရန် သိသာထင်ရှားသော ကူညီပံ့ပိုးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် နီကာရာဂွာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာစောင့်ထိန်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး အရေးပါသောအကြောင်းတရားကို ထောက်ခံကြောင်း၊ သမ္မတ ရှီက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်များကိုလည်း ထောက်ခံကြောင်း Ortega က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi says ready to promote China-Nicaragua ties for fresh achievements with strategic partnership as new starting point
BEIJING, Dec. 20 (Xinhua) — Chinese President Xi Jinping said on Wednesday he is ready to work with Nicaraguan President Daniel Ortega to promote bilateral ties for fresh achievements with the newly announced strategic partnership between the two countries as a new starting point.
In a phone conversation with Ortega, Xi also said he is willing to join the Nicaraguan leader in setting an example of solidarity, cooperation, mutual benefit and win-win results.
China is ready to be a reliable friend of Nicaragua and will continue to firmly support Nicaragua in safeguarding its national independence and national dignity, Xi said, adding that China also backs Nicaragua in rejecting external interference.
China stands ready to work with Nicaragua to oppose hegemonism and power politics, and promote the development of a more just and rational international order, Xi said.
For his part, Ortega said that China’s remarkable achievements in development have contributed to world peace and brought hope to the world.
China has made significant contributions to sharing development achievements with people in developing countries in Asia, Africa and Latin America and improving their well-being, he said.
Nicaragua firmly abides by the one-China principle, and supports China’s grand cause of reunification, he said, noting that Nicaragua also supports global cooperation initiatives, including the Belt and Road Initiative, proposed by Xi.