Connect with us

China

တရုတ်နိုင်ငံက ကမ္ဘာ့ထိပ်တန်း မော်တော်ကားတင်ပို့သူဖြစ်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဝူဟူမြို့ရှိ Chery Holding Group ကုမ္ပဏီလီမိတက် စက်ရုံတွင် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း မော်တော်ကား အစီးရေ ၄.၉၁ သန်း တင်ပို့နိုင်ခဲ့ရာ ကမ္ဘာ့အကြီးဆုံး မော်တော်ကားတင်ပို့သည့်နိုင်ငံ ဖြစ်လာခဲ့ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန (MIIT) တာဝန်ရှိသူက ဇန်နဝါရီ ၁၉ ရက်၌ ပြောကြားခဲ့သည်။

မော်တော်ကားတင်ပို့မှုများမှာ အဆင့်သစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံထုတ် စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်များက ကမ္ဘာပေါ်ရှိ သုံးစွဲသူများအတွက် ရွေးချယ်စရာအမျိုးမျိုး ပေးအပ်လျက်ရှိကြောင်း ဒုတိယဝန်ကြီး Xin Guobin က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်ကထက် ၅၇.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့် စွမ်းအင်သစ် အသုံးပြုမော်တော်ယာဉ် တင်ပို့မှုမှာမူ ၇၇.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး အစီးရေ ၁.၂ သန်းရှိခဲ့ကြောင်း Xin က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
China becoming world’s top auto exporter: official
BEIJING, Jan. 19 (Xinhua) — China exported a total of 4.91 million vehicles in 2023, expected to become the world’s largest auto exporter, an official with the Ministry of Industry and Information Technology (MIIT) said Friday.
The exports of automobiles have reached a new level, and China-made new energy vehicles have provided diverse choices for global consumers, Vice Minister Xin Guobin said at a press conference.
China’s auto exports grew by 57.9 percent year on year last year, with new energy vehicles exports surging 77.6 percent year on year to 1.2 million units, said Xin.
Photo: Workers are busy on the production line of new energy vehicles (NEVs) at a factory of Chinese automaker Chery Holding Group Co., Ltd. in Wuhu City, east China’s Anhui Province, Oct. 12, 2022. (Xinhua/Zhou Mu)