Connect with us

Africa & Middle East

တရုတ်နိုင်ငံနှင့် ကို့တ်ဒီဗွာနိုင်ငံတို့က အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြု

ကို့တ်ဒီဗွာနိုင်ငံ သမ္မတ Alassane Ouattara နှင့် အလည်အပတ်ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ ကို့တ်ဒီဗွာနိုင်ငံ အဘိဂျန်မြို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

အဘိဂျန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ကို့တ်ဒီဗွာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကို့တ်ဒီဗွာနိုင်ငံခြားရေးဝန်ကြီး Kacou Houadja Leon Adom တို့သည် ကို့တ်ဒီဗွာနိုင်ငံ၏ စီးပွားရေးမြို့တော် အဘိဂျန်တွင် တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းသော နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် ဇန်နဝါရီ ၁၈ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။

ကို့တ်ဒီဗွာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာလျက်ရှိပြီး တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်ရေးအတွက် တရုတ်နိုင်ငံအား ထောက်ခံကြောင်း Adom က ပြောခဲ့သည်။

ကို့တ်ဒီဗွာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ တက်ကြွသောဆက်ဆံရေး ဆက်လက်တိုးတက်မှုရှိစေရန်၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးချဲ့ရန်၊ တရုတ်နိုင်ငံ၏ အတွေ့အကြုံမှ လေ့လာရန်နှင့် ကို့တ်ဒီဗွာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီမှုရှိသော ခေတ်မီအသွင်ပြောင်းရေးလမ်းကြောင်းကို ရှာဖွေရန် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံသည် အာဖရိကနှင့် အစဉ် ရိုးသား၍ ခင်မင်ရင်းနှီးမှုရှိကြောင်း၊ ကျယ်ပြန့်သောဆွေးနွေးမှု၊ ပူးတွဲပံ့ပိုးကူညီမှုနှင့် အကျိုးကျေးဇူးမျှဝေမှုဖြင့် အာဖရိကနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်လျက်ရှိကြောင်း Adom က ပြောခဲ့သည်။
အာဖရိကအနေဖြင့် နယ်ပယ်စုံ၌ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်နှင့် အပြန်အလှန် အကျိုးကျေးဇူးရှိမှုနှင့် နှစ်ဘက်အကျိုးရလဒ်များ ရရှိစေရန် အခွင့်အလမ်းအဖြစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) ၏ နောက်ထပ်အစည်းအဝေး ကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တရုတ်နိုင်ငံနှင့် ကို့တ်ဒီဗွာနိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်တက်ကြွရေးအတွက် ကြိုးပမ်းလျက်ရှိသော မိတ်ဆွေများနှင့် မိတ်ဖက်များဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုကလည်း အောင်မြင်သောရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

FOCAC က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် ကြီးမားသောအောင်မြင်မှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယင်းမှာ အာဖရိကတွင် နိုင်ငံတကာအသိုင်း၏ ပံ့ပိုးကူညီမှု မြှင့်တင်ရေးအတွက် ထိရောက်စွာ တိုးမြှင့်ပေးလျက်ရှိကြောင်း ဝမ်က အလေးထားပြောခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲသတင်းထုတ်ပြန်ချက်၌ ကာလရှည် ချစ်ကြည်ရင်းနှီးမှုရှိပြီး အပြန်အလှန် ပံ့ပိုးကူညီမှုရှိသော နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ အပြုသဘောမှတ်ချက်များပေးခဲ့ကြပြီး နှစ်ဘက်အနေဖြင့် တစ်နိုင်ငံချင်းစီ၏ ပင်မအကျိုးစီးပွားများနှင့် စပ်လျဉ်းသောကိစ္စရပ်များအား ဆက်လက် အခိုင်အမာပံ့ပိုးကူညီသွားမည်ဟု ပြောကြားခဲ့ကြသည်။

၎င်းတို့ တွေ့ဆုံဆွေးနွေးကြပြီးနောက် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးတို့သည် ဘောလုံးပြိုင်ပွဲ ကျင်းပရန် ကို့တ်ဒီဗွာနိုင်ငံ အစိုးရထံ တရုတ်နိုင်ငံ အစိုးရမှ ပေးအပ်သော လျှပ်စစ်ဘတ်စ်ကား ၆ စီးနှင့် အားသွင်းတိုင် ၃ ခုတို့အား လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ လက်မှတ်ရေးထိုးခြင်းကို သက်သေပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China, Cote d’Ivoire pledge to advance win-win cooperation
ABIDJAN, Jan. 19 (Xinhua) — Visiting Chinese Foreign Minister Wang Yi and Minister of Foreign Affairs of Cote d’Ivoire Kacou Houadja Leon Adom pledged on Thursday to advance all-around cooperation to achieve win-win results during their meeting in Abidjan, the economic capital of the West African country.
Adom said that Cote d’Ivoire adheres to the one-China principle and supports China in defending its legitimate rights and interests in the South China Sea.
Cote d’Ivoire is willing to continue developing dynamic relations with China, further expand mutually beneficial cooperation, learn from China’s experience, and explore a path to modernization that suits Cote d’Ivoire’s national conditions, he said.
Adom said that China has always been sincere and friendly to Africa, carrying out cooperation with Africa in accordance with the principle of extensive consultation, joint contribution and shared benefits.
Africa looks forward to taking the next meeting of the Forum on China-Africa Cooperation (FOCAC) as an opportunity to deepen bilateral cooperation in various fields, and achieve mutual benefit and win-win results, he added.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that China and Cote d’Ivoire are friends and partners striving for development and revitalization, and the mutually beneficial cooperation between the two countries has achieved fruitful results.
Wang stressed that the FOCAC has made great achievements in promoting China-Africa cooperation, which has also effectively promoted the international community to increase input in Africa.
In a joint press release, the two foreign ministers made positive comments about the long-term friendly and mutually supportive bilateral relations, noting that the two sides will continue to firmly support each other on issues concerning each other’s core interests.
After their meeting, the two foreign ministers witnessed the signing of the certificates regarding the handover of six electric buses and three charging piles given by the Chinese government to the Cote d’Ivoire government for the football tournament.
Photo: President of Cote d’Ivoire Alassane Ouattara meets with visiting Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, in Abidjan, Cote d’Ivoire, Jan. 17, 2024. (Xinhua/Wang Guansen)