Connect with us

Asia

ယခုနှစ် ဇန်နဝါရီလမှ လက်ရှိအချိန်အထိ ဖိလစ်ပိုင်နိုင်ငံသို့ နိုင်ငံတကာ ခရီးသွားနှစ်သန်းကျော်လာရောက်

ဖိလစ်ပိုင်နိုင်ငံပါစီမြို့ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ် ဝင်ပေါက်အမှတ် ၁ တွင် တရုတ်ခရီးသွားဧည့်သည်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ယခုနှစ် ဇန်နဝါရီလမှ စတင်ပြီး လက်ရှိအချိန်အထိ ဖိလစ်ပိုင်နိုင်ငံသို့ နိုင်ငံတကာခရီးသွား နှစ်သန်းကျော် လာရောက်ခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတရုံး၏ ဆက်သွယ်ရေးရုံးက ဧပြီ ၂၅ ရက်တွင်ပြောကြားသည်။
ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂၄ ရက်အထိ ဖိလစ်ပိုင်နိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ၂,၀၁၀,၅၂၂ ဦး လာရောက်ခဲ့ကြောင်းသိရသည်။
ပထမသုံးလပတ်အတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိမှု ပမာဏသည် ပီဆို ၁၅၇ ဒသမ ၆၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၇ ဘီလီယံ) ရရှိခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။
နိုင်ငံအတွင်းသို့ လာရောက်သည့် နိုင်ငံတကာ ခရီးသွား စုစုပေါင်း၏ ၁,၈၉၄,၀၇၆ ဦး (၉၄ ဒသမ၂၁ ရာခိုင်နှုန်း) သည် နိုင်ငံခြားခရီးသွားများဖြစ်ကြပြီး ၁၁၆,၄၄၆ ဦး (၅ ဒသမ ၇၉ ရာခိုင်နှုန်း) သည် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် ဖိလစ်ပိုင်နိုင်ငံသားများဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသား ၅၄၆,၇၂၆ ဦး (၂၇ ဒသမ ၁၉ ရာခိုင်နှုန်း)၊ အမေရိကန်နိုင်ငံသား ၃၁၅,၈၁၆ ဦး (၁၅ ဒသမ ၇၁ ရာခိုင်နှုန်း) ရှိပြီး တရုတ်နိုင်ငံသား ၁၃၀,၅၇၄ ဦး (၆ ဒသမ ၄၉ ရာခိုင်နှုန်း) ရှိကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသို့ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် ငါးသန်းကျော် လာရောက်ခဲ့ပြီး ယခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွား ၇ ဒသမ ၇ သန်းခန့် လာရောက်ရန် ရည်မှန်းထားသည်။
ယခုနှစ်တွင် မှတ်တမ်းတင်ထားသော နိုင်ငံတကာ ခရီးသွားဦးရေသည် ၂၀၂၃ ခုနှစ် အလားတူကာလ နိုင်ငံတကာ ခရီးသွားဦးရေထက် ၁၅ ဒသမ ၁၁ ရာခိုင်နှုန်း ပိုမိုများပြားကြောင်းသိရသည်။ (Xinhua)

………………………….
(English Version)
Over 2 mln foreign tourists arrive in Philippines since January
MANILA, April 26 (Xinhua) — Over 2 million international tourists have visited the Philippines since January this year, the Presidential Communications Office (PCO) said Thursday.
Citing data from the Department of Tourism (DOT), the PCO said that 2,010,522 international visitors entered the Southeast Asian country from Jan. 1 to April 24.
The data showed that tourism receipts reached 157.62 billion pesos (2.73 billion U.S. dollars) during the first quarter.
Of the total international arrivals, the PCO said 94.21 percent, or 1,894,076, were foreign tourists, while 5.79 percent, or 116,446, were overseas Filipinos.
The PCO added that the number of international arrivals recorded this year is 15.11 percent higher than the 1,746,630 recorded in the same period 2023.
South Korea maintains its spot as the Philippines’ top source market of inbound visitor arrivals with 27.19 percent or 546,726, followed by the United States, with 315,816 or 15.71 percent of the total, and China with 130,574 or 6.49 percent.
The Philippines aims to welcome 7.7 million international visitors this year.
In 2023, over 5 million international visitors entered the country. ■
Tourists from China are welcomed at the Ninoy Aquino International Airport Terminal 1 in Pasay City, the Philippines, Jan. 24, 2023. (Xinhua/Rouelle Umali)