Connect with us

Media

ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ မူဝါဒညှိနှိုင်းဆောင်ရွက်မှု၊ အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှု အဆင်ပြေချောမွေ့ရေး ဆက်လက်ဆောင်ရွက်သွားမည်

ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပါဝင်သောနိုင်ငံများအနေဖြင့် မူဝါဒညှိနှိုင်းဆောင်ရွက်မှုနှင့် အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှုများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းအရ သိရသည်။ “ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် – ကမ္ဘာလုံးဆိုင်ရာ အေးအတူ ပူအမျှအသိုက်အဝန်း၏ အဓိကထောက်တိုင်” ဟု အမည်ပေးထားသော စက္ကူဖြူစာတမ်းတွင် BRI က အကျယ်ပြန့်ဆုံး လွှမ်းခြုံမှုဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကမ္ဘာ့အကြီးဆုံးပလက်ဖောင်းတစ်ခု ဖြစ်လာကြောင်း ဖော်ပြထားသည်။

“မိမိတို့တွင် မူဝါဒညှိနှိုင်းဆောင်ရွက်မှု၊ အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှု၊ လွတ်လပ်သောကုန်သွယ်မှု၊ ငွေကြေးပေါင်းစည်းမှုနှင့် ပြည်သူအချင်းချင်း ပိုမိုရင်းနှီးသောဆက်ဆံရေးအတွက် အဆင်ပြေချောမွေ့စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။

မူဝါဒညှိနှိုင်းဆောင်ရွက်မှုသည် BRI ပူးပေါင်းဆောင်ရွက်မှုကို ကျောထောက်နောက်ခံပြုထားကြောင်း စက္ကူဖြူစာတမ်းက ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ၊ နည်းပညာနှင့် စီးပွားရေးမူဝါဒများ၊ စီမံခန့်ခွဲမှု စည်းမျဉ်းများနှင့် စံနှုန်းများကို ချိန်ညှိရေးအတွက် အဆင့်ပေါင်းစုံ မူဝါဒညှိနှိုင်းမှုနှင့် ဆက်သွယ်ရေးယန္တရား ထူထောင်ရန် ပါဝင်သော နိုင်ငံများနှင့်အတူ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်ကို နှစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကာ ကူးလူးဖလှယ်မှုများ တိုးချဲ့ရန်၊ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်နှင့် ဆက်ဆံရေး အားကောင်းစေရန် BRI တွင် ပါဝင်သောနိုင်ငံများအတွက် အရေးပါသည့် ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးလျက်ရှိသည်။ ထို့ပြင် ပင်လယ်ရေကြောင်း ပိုးလမ်းမကွန်ရက်ကိုလည်း ဆက်လက်တိုးချဲ့လျက်ရှိသည်။၂၀၂၃ ခုနှစ် ဇွန်လကုန်တွင် ပင်လယ်ရေကြောင်း ပိုးလမ်းမကွန်ရက်သည် နိုင်ငံပေါင်း ၄၃ နိုင်ငံရှိ ဆိပ်ကမ်း ၁၁၇ ခုအထိ ရောက်ရှိပြီဖြစ်ကာ ထင်ရှားကျော်ကြားသော တရုတ်နှင့် နိုင်ငံတကာသင်္ဘောကုမ္ပဏီ၊ ဆိပ်ကမ်းကုမ္ပဏီများနှင့် ပညာရှင်အဖွဲ့ ၃၀၀ ကျော်နှင့် အခြားအဖွဲ့အစည်းများကလည်း ပင်လယ်ရေကြောင်း ပိုးလမ်းမအသင်းနှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

ထို့အတူ လေကြောင်း ပိုးလမ်းမကလည်း ထင်ရှားသောတိုးတက်မှုများ ဆောင်ရွက်နိုင်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် BRI တွင် ပါဝင်သော နိုင်ငံ ၁၀၄ နိုင်ငံနှင့် နှစ်နိုင်ငံ လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သလို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရန် BRI နိုင်ငံ ၅၇ နိုင်ငံနှင့် တိုက်ရိုက်လေကြောင်းပျံသန်းမှုများ ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
BRI countries continue to facilitate policy coordination, infrastructure connectivity: white paper
BEIJING, Oct. 10 (Xinhua) — Participating countries will promote policy coordination and infrastructure connectivity through the Belt and Road Initiative (BRI) cooperation, said a white paper released by China’s State Council Information Office on Tuesday.
The white paper, titled “The Belt and Road Initiative: A Key Pillar of the Global Community of Shared Future,” said that as its scope expands, the BRI has become the world’s largest platform for international cooperation, with the broadest coverage.
“We have continued to facilitate policy coordination, infrastructure connectivity, unimpeded trade, financial integration, and closer people-to-people ties, said the white paper.
Policy coordination underpins BRI cooperation, according to the white paper. China has worked with participating countries and international organizations to establish a multilevel policy coordination and communication mechanism for aligning development strategies, technological and economic policies, and administration rules and standards.China has hosted the Belt and Road Forum for International Cooperation twice, providing an important platform for participating countries and international organizations to expand exchanges, increase mutual trust, and strengthen ties.
The Silk Road Maritime network has continued to expand. By the end of June 2023, it had reached 117 ports in 43 countries, and more than 300 well-known Chinese and international shipping companies, port enterprises and think tanks, among other bodies, have joined the Silk Road Maritime association.
The Air Silk Road has made notable progress. China has signed bilateral air transport agreements with 104 BRI countries and opened direct flights with 57 BRI countries to facilitate cross-border transport.
Photo: Aerial photo shows a China-Europe freight train bound for Helsinki, Finland departing from Putian Station of Zhengzhou, central China’s Henan Province, Nov. 20, 2020. (Xinhua/Hao Yuan)