Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် လတ်တလောငလျင်လှုပ်ခတ်မှုကြောင့် လူ ၈၀ ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟာရတ်ပြည်နယ် ဇင်ဒါဂျန်ခရိုင်တွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အပျက်အစီးများကြားမှ ပိုင်ဆိုင်ပစ္စည်းများ ရှာဖွေနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာရတ်၊ အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟာရတ်ပြည်နယ်တွင် အောက်တိုဘာ ၁၁ ရက်၌ အင်အား ၆.၃ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၈၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မူရတ်အမည်ရှိသော ဆရာဝန်တစ်ဦးက ပြောခဲ့သည်။

ဒဏ်ရာရသူအများစုကို Rubat Sangi ခရိုင်မှ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဟာရတ်၊ ဘတ်ဂျစ်နှင့် ဖာရာ ပြည်နယ်များတွင် အောက်တိုဘာ ၇ ရက်က အင်အားပြင်း ငလျင်နှစ်ခုနှင့် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့ခြင်းကြောင့် လူ ၂,၀၀၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
80 injured as fresh quake jolts west Afghanistan
HERAT, Afghanistan, Oct. 11 (Xinhua) — At least 80 people were injured as a 6.3-magnitude earthquake struck west Afghanistan’s Herat province Wednesday, a doctor who introduced himself as Murad said.
Most of the injured have been taken to hospital from Rubat Sangi district, according to locals.
On Saturday, two powerful quakes with several aftershocks struck Herat and neighboring Badghis and Farah provinces, leaving over 2,000 dead and thousands more injured.
Photo: Photo taken on Oct. 9, 2023 shows excavated belongings from ruins following deadly earthquakes in the Zindajan district, Herat province, western Afghanistan. (Photo by Zahir Khan/Xinhua)