Connect with us

Videos

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆိုလာငါးမွေးမြူရေးလုပ်ငန်း

ဒါကာ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၏ အနောက်မြောက်ဘက် ၃၀၂ ကီလိုမီတာခန့်ရှိ Chapainawabganj ခရိုင်၌ ဆိုလာငါးမွေးမြူရေးခြံသည် ပင်မလျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။Joules Nawab ရေပေါ်ဆိုလာစက်ရုံသည် ငါးမွေးမြူရေး နှင့် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ခြင်းတို့ကို ပေါင်းစပ်ထားကြောင်း သိရသည်။
ယင်းတွင် ဧရိယာ ၂၂,၀၀၀ စတုရန်းမီတာရှိသည့် လူကဖန်တီးပြုလုပ်သော ရေကန်တွင် အထူးဒီဇိုင်းထုတ်လုပ်ထားသည့် ရေပေါ်ပလက်ဖောင်းများပေါ်တွင် တပ်ဆင်ထားသည့် ဆိုလာပြား အမြောက်အများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဆိုလာငါးမွေးမြူရေးလုပ်ငန်းတွင် တရုတ်ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Sungrow မှ ရေပေါ်ဖော့ပြားများ ၊ တရုတ်နိုင်ငံ JA Solar မှ ဆိုလာပြားများ နှင့် ဂျာမနီ SMA Solar Technology မှ အင်ဗာတာများ အသုံးပြုထားကြောင်း သိရသည်။ (Xinhua)
——————————
A visit to Bangladesh’s solar fish farm
A solar fish farm in Chapainawabganj district, some 302 km northwest of Bangladesh’s capital Dhaka, has been connected to the national grid.
The Joules Nawab Floating Solar Plant is a combination of fish farming and solar power generation.
It consists of numerous solar panels mounted on specially designed floating platforms in a human-made pond with an area of 22,000 square meters.
It uses floaters from Chinese renewable energy company Sungrow, solar panels from China’s JA Solar, and inverters from German SMA Solar Technology.
Xinhua News Agency correspondents reporting from Dhaka. (XHTV)