Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ်လီခဲ့ချန်တို့မှ သီရိလင်္ကာနိုင်ငံပေါက်ကွဲမှုများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

တရုတ်နိုင်ငံ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားသောပေါက်ကွဲမှုများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်ကို သီရိလင်္ကာနိုင်ငံသမ္မတ Maithripala Sirisenaထံသို့ ဧပြီ ၂၁ ရက်က ပေးပိုခဲ့ကြောင်း သိရသည်။

ယင်းသဝဏ်လွှာထဲတွင် သမ္မတရှီက သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုတွင် ဖြစ်ပွားသော ပေါက်ကွဲမှုများအတွင်း အသက် ဆုံးရှုံးထိခိုက်ဒဏ်ရာရမှု မြောက်မြားစွာ ဖြစ်ပွားခဲ့သည်ကို သိရှိရ ပါကြောင်း ၊ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား ပေါက်ကွဲမှုအတွင်း အသက်ဆုံးရှုံးသွားသူ များ၊ ဒဏ်ရာရသူများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် ဝမ်းနည်း စိတ်မကောင်း ဖြစ်မိပါကြောင်း ၊ တရုတ်နိုင်ငံ အစိုးရနှင့်ပြည်သူများသည် သီရိလင်္ကာနိုင်ငံနှင့် အတူရပ်တည်သွားမည်ဖြစ်ပြီး သီရိလင်္ကာနိုင်ငံ၏ နိုင်ငံလုံခြုံရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းသည့် ဆောင်ရွက်ချက်များကို ခိုင်မာစွာထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်ကလည်း သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Ranil Wickremesinghe ထံသို့ ဧပြီ ၂၁ ရက်က ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.