Connect with us

Africa & Middle East

အမေရိကန်မောင်းသူမဲ့လေယာဉ်ကို ထပ်မံ ပစ်ချခဲ့ပြီး ဗြိတိန် ရေနံတင် သင်္ဘောကို တိုက်ခိုက်ခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့ကဆို

ယီမင်နိုင်ငံ ဆန်နားမြို့တွင် ကြေညာချက်ထုတ်ပြန်နေသော ယီမင်ဟူသီလက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea ကို ဧပြီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆန်နား၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံမြောက်ပိုင်း Sadah ပြည်နယ်တွင် အမေရိကန် MQ-9 “Reaper”မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း ယီမင်ဟူသီလက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ဧပြီ ၂၇ ရက်၌ ပြောကြားခဲ့သည်။
ထို့အပြင် Yahya Sarea က ဟူသီလက်နက်ကိုင်တပ်ဖွဲ့များသည် ပင်လယ်နီရေပြင်တွင် Graceful Star ဟုအမည်ပေးထားသည့် ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်ဟုလည်း ကြေညာချက်တွင်ပြောကြားသော်လည်း တိုက်ခိုက်သည့်အချိန်အတိအကျကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရသည်။ (Xinhua)

…………………………………………….
(Chinese Version)
胡塞武装称再次击落美军无人机并袭击“英国油轮”
萨那,2024年4月27日
也门胡塞武装发言人叶海亚·萨雷亚27日说,该组织在也门北部萨达省击落一架美国MQ-9“死神”无人机。
此外,萨雷亚在声明中还说,胡塞武装在红海水域用导弹袭击了一艘名为“仙女座之星”的“英国油轮”,但同样未透露袭击具体时间。
图说:这张4月27日的视频截图显示,也门胡塞武装发言人叶海亚·萨雷亚在萨那发表声明。新华社发