Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသ ပစ်မှတ်များကို အစ္စရေး လေကြောင်းတိုက်ခိုက်

ဆီးရီးယားနိုင်ငံတွင် ပျက်စီးသွားသည့်အဆောက်အဦတစ်လုံးအား မတ် ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဇွန် ၉ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသ ပစ်မှတ်များကို အစ္စရေးက ဇွန် ၈ ရက် ညပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှုများ မရှိကြောင်း သိရသည်။ဇွန် ၈ ရက် ဒေသစံတော်ချိန် ၂၃ နာရီ ၃၆ မိနစ်တွင် အစ္စရေးက လက်ဘနွန်လေပိုင်နက်မှ ဆီးရီးယား အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဆီးရီးယားစစ်တပ်၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။ ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်က တိုက်ခိုက်လာသည့် ဒုံးကျည်များကို တားဆီးနိုင်ခဲ့ပြီး ဒုံးကျည်အချို့ကို ပစ်ချနိုင်ခဲ့ရာ အဆောက်အဦအချို့သာ ပျက်စီးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အစ္စရေးလေကြောင်းတိုက်ခိုက်သည့်ပစ်မှတ်များနှင့်ပတ်သက်၍ ကြေညာချက်တွင် အသေးစိတ်ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

ဒေသစံတော်ချိန် ၂၃ နာရီ ၄၀ မိနစ်ခန့်က ဆီးရီးယားမြို့တော် ဒမတ်စကက်စ်တွင် ပေါက်ကွဲသံကျယ်လောင်စွာကြားရပြီး ဒမတ်စကက်စ်အနောက်တောင်ပိုင်း ကောင်းကင်တွင် အလင်းတန်းများကို တွေ့မြင်ရကြောင်း ဆိုသည်။

ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် အစ္စရေးတပ်များက အီရန်စစ်ဘက်ဆိုင်ရာအဆောက်အဦပစ္စည်းများကို တိုက်ခိုက်သည်ဟုအကြောင်းပြချက်ဖြင့် ဆီးရီးယားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခဲ့သည်။ ဆီးရီးယားနှင့် အီရန်အစိုးရက ဆီးရီးယားအခြေစိုက်အီရန်စစ်တပ်မရှိကြောင်း ငြင်းဆိုထားသည်။ ဆီးရီးယားစစ်တပ်၏ မေ ၅ ရက် ကြေညာချက်အရ ယင်းနေ့နံနက်ပိုင်းတွင် အစ္စရေးက ဆီးရီးယားပင်လယ်ကမ်းရိုးတန်းဒေသ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူ (၁)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
——————————————————-
(Chinese Version)
(国际)以色列空袭叙利亚中部和南部多个目标

新华社大马士革6月8日电(记者汪健 郑一晗)叙利亚军方8日说,以色列当天深夜空袭叙中部和南部多个目标,袭击未造成人员伤亡。

叙军方在一份声明中说,当地时间8日23时36分,以色列从黎巴嫩领空向叙中部和南部多个目标发动空袭。叙防空系统对来袭导弹进行拦截,击落部分导弹,袭击仅造成设施损毁。声明未明确以色列空袭目标的具体性质。
新华社记者23时40分左右在叙首都大马士革听到巨大爆炸声,并看到大马士革西南部天空有明亮光点升起。

叙利亚内战爆发后,以军多次以打击伊朗军事设施为由空袭叙境内目标。叙利亚和伊朗政府均否认伊朗在叙有驻军。叙利亚军方5月5日宣布,以色列当天凌晨空袭叙沿海地区多个目标,造成1人死亡、6人受伤。(完)
图说1: 3月11日,叙利亚霍姆斯老人哈迪•古松家的孩子们帮忙清理碎石。新华社发(阿马尔•萨法尔贾拉尼摄)