Connect with us

Africa & Middle East

အီရန်နိုင်ငံအပေါ် နျူကလီးယား သဘောတူညီချက် ပိတ်ဆို့မှုများသက်သာခွင့် သက်တမ်းတိုး၊ နျူကလီးယားဆိုင်ရာ ပိတ်ဆို့မှုအသစ်များ မပါဝင်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံအပေါ် ၂၀၁၅ ခုနှစ် နျူကလီယား သဘောတူစာချုပ်အရ ပိတ်ဆို့မှုများ သက်သာခွင့်အား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က သက်တမ်းတိုးလိုက်ပြီး ယင်းသည် နောက်ဆုံးသက်သာခွင့် ဖြစ်သည်ဟု သတိပေးလိုက်ကြောင်း ဇန်နဝါရီလ ၁၂ ရက်တွင် ထရမ့်အစိုးရ အဆင့်မြင့်အရာရှိများက ပြောကြားခဲ့သည်။

ထရမ့်သည် လာမည့် ရက်ပေါင်း ၁၂၀အတွင်း ဥရောပနိုင်ငံများနှင့် အထင်ကရ သဘောတူစာချုပ်တစ်ခုအား ပြင်ဆင်မွမ်းမံရန် သို့မဟုတ် ဘက်စုံ သဘောတူစာချုပ်မှ အမေရိကန်နိုင်ငံ နုတ်ထွက်ခြင်း စသည်တို့အား လုပ်ဆောင်မည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထရမ့်က ပိတ်ဆို့မှုသက်သာခွင့်ကို သဘောတူခဲ့သည့်အတိုင်း အီရန်နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲမှုများနှင့် ဒုံးကျည်စီမံကိန်းများ ပါဝင်သည့် တစ်ဦးချင်းနှင့် အဖွဲ့အစည်း ၁၄ ခုအား ပိတ်ဆို့ဒဏ်ခတ်သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက ဇန်နဝါရီလ ၁၂ ရက်၌ ပြောကြားခဲ့သည်။

ထရမ့်သည် ၂၀၁၅ ခုနှစ်က ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနှင့် အီရန်နိုင်ငံအကြားချုပ်ဆိုခဲ့သော အီရန် နျူကလီးယား သဘောတူစာချုပ်အား ဖျက်သိမ်းရန် တစ်ကြိမ်ထက်မနည်း ကြုံးဝါးပြောဆိုခဲ့ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း သဘောတူစာချုပ်ဖြင့် အီရန်နိုင်ငံအပေါ် အလျှော့ပေးမှုသည် တရားမဝင်ကြောင်း ညီလာခံသို့ တင်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.