Connect with us

North America

ထရမ့်က ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုပြီး သံရုံးပြောင်းရွှေ့ရန်ပြင်ဆင်နေသည်ဟု အကြီးတန်းအရာရှိများပြောကြား

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် သတင်းထောက်များအား ဖြေကြားနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန်အကြီးတန်းအရာရှိများက အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ဂျေရုဆလင်မြို့အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် ဒီဇင်ဘာ ၆ ရက်တွင် အသိအမှတ်ပြုမည်ဖြစ်ပြီး တယ်လ်အဗစ် (Tel Aviv) မြို့မှ အမေရိကန်သံရုံးအား ဂျေရုဆလင်မြို့သို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ထရမ့်၏ လုပ်ဆောင်ချက်သည် အရှေ့အလယ်ပိုင်းအတွင်း တင်းမာမှုများ ထပ်မံဖြစ်ပေါ်လာစေရန် အစဖော်ပေးသကဲ့သို့ဖြစ်စေပြီး ပါလက်စတိုင်း-အစ္စရေး အရေးကိစ္စတွင် ငြိမ်းချမ်းရေးရရှိရန် ဖျန်ဖြေသူအဖြစ် ဆောင်ရွက်နေသည့် အမေရိကန်နိုင်ငံ၏ ရပ်တည်ချက်ကို ပျက်ပြားစေကြောင်း သိရသည်။

ထရမ့်က ဂျေရုဆလင်မြို့အား အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ်ပြုမည်ဖြစ်ပြီး ၎င်းသည် သမိုင်းကြောင်းအရ ဖြစ်ရပ်မှန် နှင့် ယခုခေတ်ဖြစ်ရပ်မှန် နှစ်ခုစလုံးကို အသိအမှတ်ပြုသည့်အနေဖြင့် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် ထရမ့်သည် လက်ရှိအမေရိကန်သံရုံးနေရာဖြစ်သည့် တယ်လ်အဗစ် (Tel Aviv) မြို့မှ ဂျေရုဆလင်မြို့ ရှိ နေရာတစ်ခုသို့ ပြောင်းရွှေ့ခြင်းအစီအစဉ်ကို စတင်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ညွှန်ကြားသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ယင်းပြောင်းရွှေ့မှုအစီအစဉ်ပြီးစီးရန် နှစ်အနည်းငယ်ကြာမြင့်နိုင်ကြောင်းသိရသည်။

အမေရိကန်သံရုံးအား ချက်ချင်းပြောင်းရွှေ့မည်ဟု မဆိုလိုကြောင်း၊ တယ်လ်အဗစ် (Tel Aviv) သံရုံးတွင် သံရုံးဝန်ထမ်း ၁၀၀၀ခန့်ရှိ၍ နေရာရှာဖွေခြင်း၊ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်ခြင်း၊ အဆောက်အအုံသစ်အတွက် ပုံစံရေးဆွဲခြင်း၊ ရှာဖွေခြင်း၊ တည်ဆောက်ခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်၍ ရွှေ့ပြောင်းခြင်းအစီအစဉ်သည် ချက်ချင်းပြီးစီးနိုင်သော ဖြစ်စဉ်တစ်ခုမဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဂျေရုဆလင်အရေးကိစ္စ သည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၏ အဓိကအရေးကိစ္စများအနက် တစ်ခုအဖြစ် ကျန်ရှိနေပြီး ယခုအချိန်အထိ နိုင်ငံတကာအသိုင်းအဝိုင်းက ဂျေရုဆလင်မြို့အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ်အသိအမှတ်ပြုခြင်းမရှိဘဲ ပြည်ပနိုင်ငံများက ၎င်းတို့၏ သံရုံးများကို ဂျေရုဆလင်တွင် အခြေစိုက်ဖွင့်လှစ်ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.