Connect with us

North America

ဒေါ်နယ်ထရမ့် က အစ္စရေး နိုင်ငံ မှ ဂိုလန်ကုန်းမြင့် အချုပ်အခြာ အာဏာ အား ပိုင်ဆိုင်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာ

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု တို့အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မတ်လ ၂၅ ရက် ၌ အစ္စရေး နိုင်ငံ မှ ဂိုလန်ကုန်းမြင့် အချုပ်အခြာ အာဏာ အား ပိုင်ဆိုင်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ခဲ့ပြီး ယင်းကြေညာချက်အပေါ် ဆီးရီးယား ၊ ရုရှား နှင့် အာရပ် အဖွဲ့ချုပ် စသည့် နိုင်ငံ နှင့် အဖွဲ့အစည်း များ က ကန့်ကွက်မှု ပြုလုပ်ကာ အဆိုပါ ဆောင်ရွက်မှု က ဒေသတွင်း မတည်ငြိမ်မှု အသစ် တစ်ရပ် ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ကြသည်။

ဒေါ်နယ်ထရမ့် က မတ်လ ၂၅ ရက် ၌ အလည်အပတ်ဖြင့် ရောက်ရှိလာသော အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် နှင့် အိမ်ဖြူတော် တွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပြီး ပူတွဲကြေညာချက် ချုပ်ဆိုရာ တွင် အစ္စရေး မှ ဂိုလန်ကုန်းမြင့် အား ပိုင်ဆိုင်ကြောင်း ကို တရားဝင် ထုတ်ပြန်ကြေညာ ခဲ့သည်။

ပူးတွဲကြေညာချက်တွင် အမေရိကန် မှ ယခု ဆုံးဖြတ်ချက်အား ဆောင်ရွက်ခြင်း သည် အီရန် နှင့် Hezbollah စသည့် ပါတီ များ က ဆီးရီးယား နိုင်ငံ တောင်ပိုင်း ဒေသ တွင် ဆောင်ရွက်မှု ပြုလုပ်ခဲ့သောကြောင့် ဖြစ်ကြောင်း ၊ ၎င်းတို့ က ဂိုလန်ကုန်းမြင့် အား အစ္စရေး အား တိုက်ခိုက်ရာ ဒေသ အဖြစ် ဆောင်ရွက်ခြင်းကြောင့် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ဒေါ်နယ်ထရမ့် က မီဒီယာ များ နှင့် တွေ့ဆုံစဉ် အမေရိကန် နှင့် အစ္စရေး နိုင်ငံ တို့ ၏ ဆက်ဆံရေး မှာ လွန်စွာ ခိုင်မာ ပြီး ယခု ဆုံးဖြတ်ချက် အား ပြုလုပ်ရန် ယခင်ချိန်ကပင် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ပြီး အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု (Benjamin Netanyahu ) က အမေရိကန် နိုင်ငံ ၏ ဆောင်ရွက်မှု သည် သမိုင်းတွင် သည့် ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း မီဒီယာ များအား ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ၏ ကြေညာချက် ထွက်ပေါ် လာခဲ့ပြီး နောက်တွင် ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၊ အာရပ် အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် နှင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန တို့ က အသီးသီး ကန့်ကွက်ကြောင်း နှင့် ယခင် သဘောထား အား မပြောင်းလဲကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဂိုလန် ကုန်းမြင့် က ဆီးရီးယား နိုင်ငံ အနောက်တောင်ပိုင်း တွင် တည်ရှိသော ကျဉ်းမြောင်းရှည်လျား သည့် ဒေသ တစ်ခု ဖြစ်ပြီး အစ္စရေး နိုင်ငံ က ၁၉၆၇ ခုနှစ် တွင် ဖြစ်ပွား ခဲ့သည့် တတိယ အကြိမ်မြောက် အရှေ့အလယ်ပိုင်း စစ်ပွဲ တွင် ယင်းဒေသ အား ထိန်းချုပ်ခဲ့ကာ ဆီးရီးယား နိုင်ငံ အား ပြန်လည် ပေးအပ် ခဲ့ခြင်း မရှိတော့ကြောင်း ၊ နိုင်ငံတကာ အသိုင်းအဝိုင်း က ယင်းဒေသ အား အစ္စရေး နိုင်ငံ မှ ပိုင်ဆိုင်ကြောင်း ကို အသိအမှတ် မပြုလုပ်ခဲ့ဘဲ ကုလသမဂ္ဂ က ၁၉၈၁ ခုနှစ် တွင် အစ္စရေး နိုင်ငံ မှ ဂိုလန် ကုန်းမြင့် အား ထိန်းချုပ်နေခြင်း သည် လုံးဝ နိုင်ငံတကာ ဥပဒေ သက်ရောက်မှု မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.