Connect with us

North America

အမေရိကန် စွမ်းအင်ပိုက်လိုင်း ဟက်ကာတိုက်ခိုက်ခံရမှု ရုရှားအစိုးရနှင့် မသက်ဆိုင်ဟု ဘိုင်ဒန်ပြောကြား

အမေရိကန် သမ္မတ ဘိုင်ဒင်အား ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် Colonial ပိုက်လိုင်းကုမ္ပဏီ ဟက်ကာတိုက်ခိုက်ခံရမှုသည် ရုရှားအစိုးရနှင့်မသက်ဆိုင်သော်လည်း အင်တာနက်ရာဇဝတ်မှုကျူးလွန်မှုနှင့်ပတ်သတ်ပြီး ရုရှားသမ္မတ ပူတင်နှင့် အချိန်မီတွေ့ဆုံပြောကြားသွားလိုကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

Colonial ပိုက်လိုင်းကုမ္ပဏီ ဟက်ကာတိုက်ခိုက်ခံရမှုသည် ရုရှားအစိုးရနှင့်သက်ဆိုင်သည်ဟု အမေရိကန်အနေဖြင့် မယူဆကြောင်း၊ သို့သော်လည်း ဆိုက်ဘာတိုက်ခိုက်သူသည် ရုရှားတွင်ရှိသည်ကို ယုံကြည်ဖို့ အမေရိကန်တွင် အကြောင်းတရား အပြည့်အဝရှိကြောင်း ဘိုင်ဒန်က အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။

တာဝန်ခံမှုရှိသည့်နိုင်ငံက ငွေညှစ်ရန်လုပ်ဆောင်သည့် ဆိုက်ဘာပြစ်မှုကျူးလွန်နေသည့် ကွန်ရက်ကို ကိုင်တွယ်ရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကို အမေရိကန်က ရုရှားနှင့် အမြဲဆွေးနွေးမှုများရှိကြောင်း၊ သက်ဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများကို တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း၊ သမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးသည့်အခါ ယင်းကိစ္စကို ဆွေးနွေးလိုကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

Colonial ပိုက်လိုင်းကုမ္ပဏီ၏ ပိုက်လိုင်းသည် အမေရိကန်၏ အဓိကအကျဆုံး ရေနံပိုက်လိုင်း တစ်ခု ဖြစ်သည်။ ယခုလ ၇ ရက်နေ့တွင် ဟက်ကာများက ယင်းကုမ္ပဏီ၏ ကွန်ပြူတာစနစ်ကို Encryption lock လုပ်ကာ လျှို့ဝှက်အချက်အလက်များကို ခိုးယူပြီး အချက်အလက်ဖွင့်ချမည်ဟုဆိုကာ ငွေညှစ်ခဲ့သည်။ မလွှဲသာသည့် အခြေအနေကြောင့် ယင်းကုမ္ပဏီက စွမ်းအင်ပံ့ပိုးမှုကွန်ရက်ကို အချိန်အတိုင်းအတာတစ်ခုထိ ရပ်ဆိုင်းခဲ့ခြင်းကြောင့် အမေရိကန် အရှေ့ဘက်ကမ်း လောင်စာဆီစသည့် စွမ်းအင်ပံ့ပိုးမှုကို အကြီးအကျယ် ရိုက်ခတ်ခဲ့သည်။
ဆိုက်ဘာတိုက်ခိုက်မှုကို “DarkSide” ဟက်ကာအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့သည် ရုရှား သို့မဟုတ် အရှေ့ဥရောပနိုင်ငံများတွင် အခြေစိုက်ကြောင်း အမေရိကန် စုံစမ်းစစ်ဆေးရေးအဖွဲ့(FBI) က မေ ၁၀ ရက်တွင် အတည်ပြုခဲ့သည်။ ရုရှား သမ္မတ သတင်းပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ယခုဖြစ်ပွားသည့် ဆိုက်ဘာတိုက်ခိုက်မှုက ရုရှားနှင့်သက်ဆိုင်မှုမရှိဟု မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ယခုနှစ် နွေရာသီတွင် ဥရောပ၌ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး ပူတင်နှင့်တွေ့ဆုံကာ နှစ်ဖက်ဆက်ဆံရေးတွေ့ဆုံဆွေးနွေးရန် ဘိုင်ဒန်က ဧပြီလတွင် အဆိုပြုခဲ့သည်။ ဇွန်လ ဥရောပခရီးစဉ်တွင် ပူတင်နှင့်တွေ့ဆုံရန် မျှော်လင့်ကြောင်း ဘိုင်ဒန်က မေလဆန်းတွင် ပြောကြားခဲ့သည်။ အမေရိကန်-ရုရှား ဆက်ဆံရေးသည် ယခုနှစ်ပိုင်းများတွင် ဆက်တိုက် တင်းမာလာခဲ့ရာ ဘိုင်ဒန်အစိုးရ အာဏာရပြီးနောက်ပိုင်း နှစ်ဖက်အကြား လက်နက်ထိန်းချုပ်ရေးကဏ္ဍတွင် အကန့်အသတ်နှင့်ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ယူကရိန်းအရေးကိစ္စ၊ ဆိုက်ဘာအင်တာနက်လုံခြုံရေး၊ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု စသည်တို့တွင် သိသာထင်ရှားသည့် ကွဲလွဲမှုများရှိကာ ထိပ်တိုက်ရင်ဆိုင်မှုများ ပိုဆိုးလာခဲ့သည်။ (Xinhua)
————————————
(Chinese Version)
(国际)拜登:美国能源管道遭黑客攻击事件与俄政府无关
2021-05-14 06:32:22
新华社华盛顿5月13日电(记者刘品然)美国总统拜登13日说,美国科洛尼尔管道运输公司遭黑客攻击事件与俄罗斯政府无关,但他期待与俄总统普京会晤时提及网络犯罪问题。
拜登当天在白宫表示,美方不认为俄罗斯政府与科洛尼尔管道运输公司遭黑客攻击事件有关,但美方有充分理由相信,实施网络攻击的人居住在俄罗斯。
拜登说,负责任的国家必须对勒索软件犯罪网络采取行动,美方一直与俄方就此事展开沟通。美方试图建立相关的国际标准,他期望与普京会晤时讨论此事。
科洛尼尔管道运输公司运营的管道是美国最主要的成品油管道之一。本月7日,黑客通过加密手段锁住该公司计算机系统并盗取机密文件,试图以解锁为条件来勒索赎金。该公司一度被迫关闭整个能源供应网络,极大影响了美国东海岸燃油等能源供应。
美国联邦调查局10日指认黑客组织“黑暗面”实施此次网络攻击,称该黑客组织的基地设在俄罗斯或东欧国家。俄总统新闻秘书佩斯科夫11日表示,俄罗斯与此次网络攻击无关。
拜登4月提议与普京今年夏天在欧洲举行峰会,以讨论双边关系。拜登5月初表示,希望能在6月访问欧洲期间与普京会晤。美俄关系近年来持续紧张,拜登政府上台以来,双方在军控领域实现有限合作,但在乌克兰、网络安全、人权、干预选举等问题上分歧明显,对抗加剧。(完)
图说1: 5月10日,美国总统拜登在华盛顿白宫发表讲话。