Connect with us

North America

အမေရိကန်တွင် ယာဉ်ငါးစီးဆင့်တိုက်မှုကြောင့် လူ ၄ ဦးသေဆုံး

အမေရိကန်နိုင်ငံတွင် ကားချင်းဆင့်တိုက်မှုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ရှိ အဝေးပြေးလမ်းမကြီး တစ်ခုပေါ်တွင် ယာဉ် ငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အဝေးပြေးလမ်း လှည့်ကင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၆ ရက်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၏ အရှေ့မြောက် ၂၃ ကီလိုမီတာခန့်အကွာရှိ ဆန်ဘလိုမြို့တွင် နိုဝင်ဘာလ ၂၅ ရက်နှောင်းပိုင်းတွင် ယာဉ် ငါးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အခြားသူ ၆ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကယ်လီဖိုးနီးယား အဝေးပြေးလမ်းလှည့်ကင်း (CHP) အော့ခ်လန်နယ်မြေရုံးက တွစ်တာ၌ ရေးသားထားသည်။ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူရန် ဒေသဆိုင်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း CHP အော့ခ်လန်နယ်မြေရုံးထံမှ သိရသည်။

သေဆုံးသူများ၏ သတင်းအချက်အလက်များ အပါအဝင် ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အခြား အကြောင်းအရင်းအား မသိရသေးပေ။ယခုလို ယာဉ်ငါးစီးဆင့်တိုက်မှုသည် ကျေးဇူးတော်နေ့ အားလပ်ရက်ကာလအတွင်း ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ရက်က ဆန်ဖရန်စစ္စကိုတွင် ဆိုးရွားသော ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.