Connect with us

Europe

ကင်ညာနိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် လူပေါင်း ၃၈ ဦးထက်မနည်းသေဆုံး

ရုရှား အရေးပေါ်ရေးရာဌာနက မတ် ၂၃ ရက်တွင်ထုတ်ပြန်သည့် ဗီဒီယိုရုပ်ပုံ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားသော အချင်းဖြစ်နေရာတွင် ကူညီကယ်ဆယ်ရေးသမားများအား တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ယခုအချိန်အထိ လူပေါင်း ၃၈ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ပုံမှန်စီးပွားရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာခဲ့ရုံသာမက ပိုင်ဆိုင်မှုအမြောက်အမြားဆုံးရှုံးခဲ့ကြောင်းသိရသည်။ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီတွင် မိုးရွာပြီး ညတွင်းချင်းရေကြီးမှုကြောင့် တစ်ဦးသေဆုံးခဲ့ကာ ခြောက်ဦးပျောက်ဆုံးခဲ့သည်။ မြို့တော်၏ တခြားနေရာများတွင် ဒေသခံများသည် နေအိမ်များရေမြုပ်ခြင်း၊ လမ်းများ ရေဖုံးလွှမ်းခြင်းနှင့် သစ်ပင်ပြိုကျခြင်းများကို ကြုံတွေ့ခဲ့ကြသည်။

လမ်းများရေကြီးနစ်မြုပ်ခြင်းကြောင့် တချို့ဒေသများသည် မြို့တော်နှင့် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်ခဲ့သည်။ အာသီမြစ်ရေကြောင့် ကီတန် ကီလာဒေသရှိ အဓိက တံတားတစ်စင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး စီးပွားရေးသမားများနှင့် ရုံးအလုပ်သမားများ သောင်တင်ခဲ့ရသည်။

မည်သည့်ယာဉ်မှ ကီတန် ကီလာဒေသမှ ထွက်ခွာခြင်းမပြုနိုင်သကဲ့သို့ လာရောက်ခြင်းလည်းမပြုနိုင်သေးကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဂျွန်ကီမီအူကပြောသည်။သီဘာမြစ်ရေလျှံမှုကြောင့် ကင်ညာနိုင်ငံအလယ်ပိုင်း ကီရင် ယာဂါခရိုင်တွင်လည်း မိသားစု ၆၀ ကျော် အိမ်များ ရေကြီးနစ်မြုပ်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကာ စီးပွားရေး လုပ်ငန်းများလည်း နှောင့်နှေးကြန့်ကြာခဲ့သည်။ကင်ညာနိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုများကြောင့် လူ ၃၈ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ကင်ညာကြက်ခြေနီ အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ရေကြီးခြင်းသည် အရေးပေါ်အခြေအနေမှ သဘာဝဘေးအန္တရာယ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြခဲ့သည်။မတ်-ဧပြီ-မေ မိုးကြောင့် နိုင်ငံအတော်များများ ရေဘေးသင့်ခဲ့ပြီး အိမ်များရေလွှမ်းမိုးခြင်း၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ စီးပွားရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာခြင်း၊ လူများအသက်ဆုံးရှုံးခြင်းများ ဖြစ်ပွားခဲ့ကြောင်း လူသားချင်းစာနာထောက်ထားမှုအေဂျင်စီက ပြောသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းများကို ကမ္ဘာ့နိုင်ငံပေါင်း ၂၃ နိုင်ငံထက်မနည်းရင်ဆိုင်ကြုံတွေ့ခဲ့ပြီး လူပေါင်း ၁၁၀,၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကြောင်း ကင်ညာကြက်ခြေနီအဖွဲ့က ထုတ်ပြန်ခဲ့သည်။ (Xinhua)

…………………………………
Death, destruction and displacement as heavy rains hit Kenya
NAIROBI, April 24 (Xinhua) — Kenya is experiencing heavy rains that have disrupted normal business across the East African country, resulting in the loss of more than 38 lives and the destruction of property.
In the Kenyan capital of Nairobi, at least one person was killed and six people were missing in the Mathare slums on Wednesday following an overnight downpour.
Some areas were cut off from the city due to stormwater flooding the streets. The main bridge in Kitengela, a neighborhood south of the capital, was flooded by the Athi River, stranding thousands of businessmen and office workers.

Emily Kamau, a businesswoman, said her day had been ruined because she could not get new purchases for her groceries. “My business premises were flooded two days ago, and I lost part of my stock. Today, the rains have cut me off. It is discouraging.”
In Kirinyaga County in central Kenya, more than 60 families were rendered homeless on Tuesday after the Thiba River burst its banks and flooded their homes and businesses.
The Kenya Red Cross Society (KRCS) said in a statement on Tuesday that at least 38 people have been killed by floods across Kenya, noting that the flood situation is moving from emergency to disaster level.
Since the onset of the March-April-May rains, multiple counties have felt the effects, resulting in affected households, displacements, the establishment of displacement camps, submerged arable land, impacted businesses, and livestock deaths, the humanitarian agency said.
According to the KRCS, the heavy rains have affected at least 23 counties across the country and left more than 110,000 people homeless.■

Residents salvage their belongings after heavy rains in the Mathare slums of Nairobi, Kenya, on April 24, 2024. (Photo by Joy Nabukewa/Xinhua)