Connect with us

Media

အစ္စရေးနှင့် ဟားမက်စ်တို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲမှု ကနဦးသဘောတူညီချက်ရရှိ

ဂါဇာ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အစ္စရေးနှင့် ဟားမက်စ်တို့သည် နိုင်ငံတကာနှင့် အာရပ်နိုင်ငံ၏ ပံ့ပိုးမှုအရ ယာယီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲမှုကို အကောင်အထည်ဖော်ရန် ကနဦး သဘောတူညီချက် ရရှိခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

ယင်းကိစ္စအား ခွင့်ပြုရေးအတွက် နှစ်ဘက် အဆင့်မြင့်တာဝန်ရှိသူများထံ ကိုယ်စားလှယ်များက အစီရင်ခံလျက်ရှိကြောင်းနှင့် သဘောတူညီချက်အား “ဆောလျင်စွာ အကောင်အထည်” ဖော်နိုင်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆင်ဟွာကို ပြောခဲ့သည်။

အဆိုပါ သဘောတူညီချက်နှင့် ပတ်သက်၍ အသေးစိတ်ပြောဆိုရန် သတင်းရင်းမြစ်က ငြင်းဆိုထားကြောင်း၊ သို့ရာတွင် “သဘောတူညီချက်ကို အဆင့်လိုက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း” သတင်းရင်းမြစ်က ဆိုသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲမှုကို မကြာမီကြေညာဖွယ်ရှိကြောင်း၊ ထိုအစီအစဉ်အရ ဂါဇာကမ်းမြောင်ဒေသတွင် ဟားမက်စ်က ဖမ်းဆီးထားသော အရပ်သားဓားစာခံများကို အစ္စရေးက ထိန်းသိမ်းထားသည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် လဲလှယ်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

…………………………….
(English Version)
Israel, Hamas reach initial agreement on humanitarian truce: source
GAZA, Nov. 14 (Xinhua) — An informed Palestinian source said on Tuesday that delegates of Israel and Hamas had reached an initial agreement to implement a temporary humanitarian cease-fire under international and Arab sponsorship.
The source, who requested to remain anonymous, told Xinhua that the delegates had to report to senior authorities on both sides for approval and the agreement could be “implemented at any moment.”
The source refused to talk about the details of the agreement, but said that “it will be implemented in stages.”
He added that a humanitarian truce was expected to be announced soon, under which civilian hostages held by Hamas in the Gaza Strip will be released in exchange for the release of women and children detained by Israel.