Connect with us

Media

တရုတ်နိုင်ငံ၏ BYD က ဂျပန်နိုင်ငံ၌ အလတ်စား လျှပ်စစ်ဘတ်စ်ကားများ ရောင်းချမည်

တိုကျို၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်ကား(EV) ထုတ်လုပ်သူ BYD က ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို ဦးတည်သည့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးအတွက် တိုးပွားလာသည့်ဝယ်လိုအားကို ဖြည့်ဆည်းရန် ဂျပန်နိုင်ငံ၌ အလတ်စား လျှပ်စစ်ဘတ်စ်ကား မော်ဒယ်အသစ်ကို စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်ဈေးကွက်အတွက် ထုတ်လုပ်ထားသည့် J7 အလတ်စားလျှပ်စစ်ဘတ်စ်ကားသည် အကွာအဝေး ၂၅၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး ဈေးနှုန်းအားဖြင့် ဂျပန်ယန်း ၃၆.၅ သန်း(အမေရိကန်ဒေါ်လာ ၂၄၀,၀၀၀ ခန့်) ရှိကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် BYD Japan ကုမ္ပဏီလီမိတက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။
ယင်းကားမော်ဒယ်အား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ကြိုတင်မှာကြားမှုများ စတင်လက်ခံမည် ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း ပို့ဆောင်ပေးသွားမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
China’s BYD to sell midsize electric bus in Japan
China’s leading electric vehicle (EV) manufacturer BYD will start to sell a new model of midsize electric bus in Japan to meet the growing demand for green public transportation.
The J7 midsize electric bus tailored for the Japanese market has a range of 250 km and is priced at 36.5 million Japanese yen (about 240,000 U.S. dollars), according to a press conference of BYD Japan Co., Ltd. on Tuesday.
The model is set to begin accepting reservations starting from Jan. 1, 2024, with deliveries expected in the fall of 2025.
Xinhua News Agency correspondents reporting from Tokyo.(XHTV)