Connect with us

Media

အင်္ဂါဂြိုဟ်ပေါ် ဆင်းသက် လေ့လာနေသည့် တရုတ် အာကာသစူးစမ်းလေ့လာရေးယာဉ်

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်အား သယ်ဆောင်ထားသော ဂြိုဟ်ပေါ်ဆင်းသက်ယာဉ် (lander) သည် အင်္ဂါဂြိုဟ် (ခေါ် ) ဂြိုဟ်နီကြီး ပေါ်သို့ ဆင်းသက်နိုင်ခဲ့ပြီဖြစ် သည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာဂြိုဟ်မှလွဲ၍ ဂြိုဟ်တစ်ခုပေါ်သို့ အာကာသယာဉ် ဆင်းသက်နိုင်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။ထျန်းဝန်-၁ ယာဉ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်ရှိ ဝန်ချန်းအာကာသယာဉ် လွှတ်တင်ရေးစင်တာမှ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၃ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) ၏ခေါင်းဆောင် က Zhang Kejian က ထျန်းဝန်-၁ အာကာသယာဉ်ဖြင့်သွားရောက်ခဲ့သည့် တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်လေ့လာ‌ရေး ခရီးစဉ် သည် အလုံးစုံအောင်မြင်မှုရှိကြောင်း မေ ၁၅ ရက် နံနက်ပိုင်း၌ အတည်ပြုပြောကြားခဲ့သည်။

Tianwen-1 အာကာသယာဉ်သည် ဆင်းသက်ရန် ကြိုတင်ရွေးချယ်ထားသည့် နေရာဖြစ် သော အင်္ဂါဂြိုဟ် ၏မြောက်ဘက်စွန်းပိုင်း လွင်ပြင်ကျယ် ဖြစ်သည့် Utopia Planitia ၏ တောင်ဘက် သို့ ပေကျင်း စံတော်ချိန် မနက် ၇ နာရီ ၁၈ မိနစ်တွင် ဆင်းသက်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ၏ပထမဆုံး ဂြိုဟ်ပေါ်သွားယာဉ် အား တရုတ်ရှေးဟောင်းဒဏ္ဍာရီလာ မီးနတ်ဘုရား Zhurong အားအစွဲ ပြု၍ ခေါ်တွင်ခဲ့သည်။
Zhurong သည် ဂြိုဟ်မျက်နှာပြင်ထက်၌ ၇ ရက် ၈ ရက်ခန့်ကြာ ပတ်ဝန်းကျင်အခြေအနေများအား လေ့လာမည်ဖြစ်ပြီး ဆင်းသက်ယာဉ်မှ ဂြိုဟ်မျက်နှာပြင်ပေါ်မောင်းနှင်မည့် ယာဉ်အား အလိုအလျောက်စစ်ဆေးမှုများဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Zhurong ဂြိုဟ်ပေါ်သွားယာဉ်သည် six-wheeled အမျိုးအစား နေရောင်ခြည်စွမ်းအင်သုံးယာဉ်ဖြစ်ပြီး အပြာရောင်လိပ်ပြာတစ်ကောင် ၏ ပုံစံတုပပြုလုပ်ထားကာ အလေးချိန် ၂၄၀ ဂရမ်ရှိသည်။ ယာဉ်အား အဂ်ါဂြိုဟ်ရက် ၉၀ (ကမ္ဘာသက်တမ်း ၃လတာ ) သက်တမ်းခံနိုင်ရည်ရှိရန်ရည်ရွယ် တည်ဆောက်ထားကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.