Connect with us

Asia

တရုတ်-သီရိလင်္ကာ ဖက်စပ်လုပ်ငန်း ဟမ်ဘန်တိုတာ ဆိပ်ကမ်း ဘက်စုံစီမံကိန်းသို့ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် သွားရောက် စစ်ဆေးကြည့်ရှု

သီရိလင်္ကာ ဝန်ကြီးချုပ် ဟင်ဒါ ရာဂျာပက်ခ်ဆာက သီရိလင်္ကာနိုင်ငံ တောင်ပိုင်း ဟမ်ဘန်တိုတာဆိပ်ကမ်း ကားတင်သင်္ဘော ကုန်တင်ကုန်ချ ဝင်ထွက်မှုပမာဏ ၅ သိန်းကျော် အထိမ်းအမှတ်အဖြစ် ဖဲကြိုးဖြတ်ဂုဏ်ပြုနေသည်ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်-သီရိလင်္ကာ ဖက်စပ်လုပ်ငန်း ဟမ်ဘန်တိုတာ(Hambantota)ဆိပ်ကမ်း ဘက်စုံစီမံကိန်းသို့ သီရိလင်္ကာ ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ခ်ဆာ က အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာ ၁၄ ရက်တွင် သွားရောက်စစ်ဆေးကြည့်ရှုခဲ့ရာ ဆိပ်ကမ်းလည်ပတ်မှုနှင့် ဥယျာဉ်ဇုန် ဖွံ့ဖြိုးရေးဆောင်ရွက်မှုများအား ကောင်းမွန်ကြောင်း မှတ်ချက်ပြုခဲ့သည်။

သီရိလင်္ကာနိုင်ငံ တောင်ပိုင်း ဟမ်ဘန်တိုတာဆိပ်ကမ်း ကုန်ပစ္စည်းများထားရှိရာ နေရာအား ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဓါတ်ပုံ- သီရိလင်္ကာ ဝန်ကြီးချုပ်ရုံး ပြန်ကြားရေးဌာန)

သီရိလင်္ကာဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ခ်ဆာသည် ဟမ်ဘန်တိုတာဆိပ်ကမ်း တည်ဆောက်နေဆဲဖြစ်သည့် Bonded logistics park ရှိ bonded warehouseအား ပန္နက်တင် ဆိုင်းဘုတ် ဖွင့်လှစ်ပေးနေသည်ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဓါတ်ပုံ- သီရိလင်္ကာ ဝန်ကြီးချုပ်ရုံး ပြန်ကြားရေးဌာန)

သီရိလင်္ကာနိုင်ငံ တောင်ပိုင်း ဟမ်ဘန်တိုတာဆိပ်ကမ်း ကုန်ပစ္စည်းများထားရှိရာ နေရာအား ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မဟင်ဒါ ရာဂျာပက်ခ်ဆာသည် ကူးပြောင်းပို့ဆောင်ပေးရမည့် မော်တော်ယာဉ်များ ထားရှိရာ ဟမ်ဘန်တိုတာဆိပ်ကမ်းတွင် ကားတင်သင်္ဘော ကုန်တင်ကုန်ချ(Roll-on/roll-off)ဝင်ထွက်မှုပမာဏ ၅ သိန်းကျော် အထိမ်းအမှတ်အဖြစ် ဖဲကြိုးဖြတ်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချီကျန့်ဟုန်၊ သီရိလင်္ကာအခြေစိုက် China Merchants Group ဥက္ကဋ္ဌနှင့် Hambantota International Port Group အမှုဆောင်အရာရျိချုပ် လျိုအန်းဟွိုင်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် သီရိလင်္ကာဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ခ်ဆာသည် ဟမ်ဘန်တိုတာဆိပ်ကမ်း တည်ဆောက်နေဆဲဖြစ်သည့် Bonded logistics park သို့ သွားရောက်၍ နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးပလက်ဖောင်းအား ပံ့ပိုးရန် ဆောင်ရွက်ထားသည့် bonded warehouseကို ပန္နက်တင် ဆိုင်းဘုတ်ဖွင့်လှစ်ပေးခဲ့သည်။

ဟမ်ဘန်တိုတာဆိပ်ကမ်းသည် နိုင်ငံတကာယှဉ်ပြိုင်စွမ်းရှိသည့် လမ်းခုလတ်ကုန်ပစ္စည်းအလွှဲအပြောင်း ဆိပ်ကမ်း ဖြစ်လာသည်ကို ဝမ်းသာဖွယ်တွေ့မြင်ရကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးGamini Lakshman Peirisက နိုင်ငံကိုယ်စား အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။ ဟမ်ဘန်တိုတာဆိပ်ကမ်းသည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် အားကောင်းသည့် တွန်းအားဖြစ်စေမည်ဟု မျှော်လင့်ကြောင်း၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်တွန်းအားပေးပြီး သီရိလင်္ကာနိုင်ငံ တောင်ပိုင်း စီးပွားရေးအသွင်ပြောင်းမှုကို မြှင့်တင်ကာ ဟမ်ဘန်တိုတာဒေသ စီးပွားရေးစည်ပင်သာယာဝပျောစေရန် ရှေ့ဆောင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟမ်ဘန်တိုတာ ဆိပ်ကမ်းသည် တရုတ်-သီရိလင်္ကာ အတူတကွ တည်ဆောက်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အရေးကြီး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ခု ဖြစ်ပြီး သီရိလင်္ကာနိုင်ငံတောင်ပိုင်းတွင် တည်ရှိသည့် ဘက်စုံ လူလုပ်ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှစတင်၍ တရုတ်-သီရိလင်္ကာ ဟမ်ဘန်တိုတာ ဖက်စပ်လုပ်ငန်းအား တရားဝင် စတင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

…………………………………………….
(Chinese Version)
(国际)斯里兰卡总理考察中斯合营汉班托塔港综合项目
2021-12-15 00:06:58
新华社科伦坡12月14日电(记者唐璐)斯里兰卡总理马欣达•拉贾帕克萨14日率多名内阁部长到中斯合营汉班托塔港(简称“汉港”)考察,对汉港码头运营和园区开发给予积极评价。
马欣达来到排满各种中转车辆的汉港堆场,为汉港滚装作业年吞吐量突破50万剪彩。中国驻斯里兰卡大使戚振宏、招商集团驻斯首席代表兼汉班托塔国际港口集团首席执行官刘恩怀出席了这一活动。
马欣达随后来到正在建设的汉港保税物流园区,为支撑国际化物流平台落地的保税仓库揭牌奠基。
斯里兰卡外长佩里斯代表斯方致辞时说,斯方欣喜地看到汉港逐渐成为具有国际竞争力的中转港口。期待汉港大力推动招商引资,继续推动绿色发展,促进斯南部经济转型,引领汉班托塔地区经济走向繁荣。
汉班托塔港是中斯共建“一带一路”重点合作项目,位于斯里兰卡南端,是一座综合性人工深水海港。2017年12月,中斯双方正式启动汉班托塔港合作运营。(完)
图说1:12月14日,在斯里兰卡南部的汉班托塔港,斯里兰卡总理马欣达•拉贾帕克萨(前中)为汉港滚装作业年吞吐量突破50万剪彩。新华社记者唐璐摄
图说2:这是12月14日拍摄的斯里兰卡南部汉班托塔港堆场。新华社发(斯里兰卡总理府媒体处供图)
图说3:12月14日,在斯里兰卡南部的汉班托塔,斯里兰卡总理马欣达•拉贾帕克萨(左二)为汉班托塔港保税物流园区保税仓库揭牌奠基。新华社发(斯里兰卡总理府媒体处供图)
图说4:这是12月14日拍摄的斯里兰卡南部汉班托塔港堆场。 新华社记者唐璐摄