Connect with us

Europe

အမေရိကန်-ရုရှား နှစ်နိုင်ငံ သမ္မတ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှု အပြောင်းအလဲမရှိခဲ့၊ ယူကရိန်းအရေး တင်းမာမှုများ ဆက်လက်ရှိနေ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက ရက်ပိုင်းအတွင်း ယူကရိန်းနိုင်ငံကို ကျူးကျော်နိုင်သည်ဟူသော အမေရိကန်နိုင်ငံအစိုးရ၏ ပြောကြားချက် ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတ ဘိုင်ဒန်နှင့် ရုရှား သမ္မတ ပူတင် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ အချိန်တစ်နာရီခန့်အကြာ ဆွေးနွေးမှုအပြီး ဖုန်းဆက်သွယ်မှုတွင် အပြောင်းအလဲမရှိနိုင်ကြောင်း မီဒီယာများက သုံးသပ်ခဲ့သည်။ယင်းနေ့တွင်ပင် ရုရှားအရာရှိတစ်ဦးက အမေရိကန်နိုင်ငံသည် ကယောင်ခြောက်ခြားသွေးရူးသွေးတန်းနှင့် ယူကရိန်းကို ရုရှားက ကျူးကျော်ရန် စီစဉ်နေသည်ဟု ချဲ့ကားပြောဆိုနေကြောင်း ပြစ်တင်ပြောကြားခဲ့သည်။

စစ်ပွဲအန္တရာယ် ဖြစ်ပေါ်လာစေရန် ပြောဆိုနေသည့် အမေရိကန်အား ထပ်မံ သတိပေး

ယူကရိန်းကို ရုရှားတစ်ဆင့်တိုးဝင်ရောက်ကျူးကျော်မည်ဆိုလျှင် အမေရိကန်နှင့်မဟာမိတ်များက ပြတ်ပြတ်သားသား တုန့်ပြန်သွားမည်ဖြစ်ပြီး ရုရှားကို ပြင်းထန်သည့်အလျော်အစား အမြန်ဆုံးပေးနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဘိုင်ဒန်က ယင်းနေ့ ပူတင်နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် သတိပေးခဲ့ကြောင်း အိမ်ဖြူတော်၏ ဖေဖော်ဝါရီ ၁၂ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံ မော်စကိုမြို့ Spasskaya တာဝါအဆောက်အအုံအား ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြီးခဲ့သည့်ရက်က အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan ကလည်း ရရှိလာသည့် သတင်းအချက်အလက်များအရ ရုရှားသည် ဖေဖော်ဝါရီ ၂၀ ရက်မတိုင်မီ ယူကရိန်းကို ကျူးကျော်နိုင်ကြောင်း၊ သတင်းအချက်အလက်များအရ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရုရှားက ကျူးကျော်ဝင်ရောက်ရန် သတ်မှတ်ထားကြောင်း အမေရိကန် အစိုးရအရာရှိတစ်ဦးက AP သတင်းထောက်ကို ပြောကြားခဲ့သည်။

ဘိုင်ဒန်နှင့်ပူတင်တို့ ဖုန်းဖြင့်ဆက်သွယ်ပြောကြားရာတွင် အမေရိကန်နိုင်ငံက သံတမန်ရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်းကို အဆုံးသတ်ရန် တစိုက်မတ်မတ်ကြိုးပမ်းမည် ဖြစ်သော်လည်း အခြားအခြေအနေများကို တုန့်ပြန်ရန်လည်း အလားတူ အသင့်ပြင်ထားကြောင်း၊ ဖုန်းဖြင့်ဆက်သွယ်မှုအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းအခြေစိုက် အမေရိကန် သံရုံး၏ အစိုးရဝန်ထမ်းအများစုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားပြီး အမေရိကန်နိုင်ငံသားများအနေဖြင့်လည်း ယူကရိန်းမှ အမြန်ဆုံး ထွက်ခွာရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုက ကျွမ်းကျင်မှုနှင့်လက်တွေ့ကျမှုရှိပေမဲ့ အခြေခံအားဖြင့် ကိစ္စရပ်၏အခြေအနေကို မပြောင်းလဲနိုင်ခဲ့ကြောင်း အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယနေ့နောက်ပိုင်း ရက်များတွင် ထိတွေ့ဆက်ဆံမှုဆက်လက်ထားရှိရန် နှစ်ဖက်စလုံးက သဘောတူထားကြသော်လည်း ရုရှားအနေဖြင့် စစ်ရေးလှုပ်ရှားမှု တွန်းအားပေး ဆောင်ရွက်နိုင်ဆဲဖြစ်သည်ဟု ဆိုသည်။

အမေရိကန် စသည့် အနောက်နိုင်ငံများက ရုရှား-ယူကရိန်း နယ်စပ်ဒေသအနီးတွင် ရုရှား စစ်အင်အား အလုံးအရင်း ချထားခြင်းက ယူကရိန်းသို့ ကျူးကျော်မည့်အနေအထားရှိကြောင်း ပြောကြားလျက်ရှိသည့်အပေါ် ရုရှားက ငြင်းဆိုထားသည်။ ရုရှားက မိမိလုံခြုံရေးနယ်ပယ် တိုက်စားခံရသည့်အခါ ပိုင်နက်နယ်မြေအတွင်း စစ်တပ်နေရာချထားစီမံခွင့်ရှိကြောင်းနှင့် အခြားနိုင်ငံအား တိုက်ခိုက်လိုသည့် ဆန္ဒမရှိကြောင်း အလေးထား ပြောကြားခဲ့သလို အမေရိကန်နှင့် မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့အား ရုရှားလုံခြုံရေးအာမခံချက်ပေးရန် တောင်းဆိုခဲ့သည်။

အမေရိကန် ကယောင်ခြောက်ခြားသွေးရူးသွေးတန်းဖြင့် မီးစာထည့်နေခြင်းဖြစ်သည်ဟု ရုရှား သရော်

ရုရှား-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင် ဆက်သွယ်ဆွေးနွေးမှုကို မူလက ဖေဖော်ဝါရီ ၁၄ ရက်ဟု သတ်မှတ်ထားခဲ့သော်လည်း အမေရိကန်နိုင်ငံဘက်က တောင်းဆိုမှုကြောင့် ကြိုတင် ကျင်းပလိုက်ရခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ လက်ထောက် Yuri Ushakov က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ဆက်သွယ်ဆွေးနွေးမှုက ဟန်ချက်ညီညီနှင့် လက်တွေ့ကျကြောင်း၊ ဘိုင်ဒန်အနေဖြင့် သံတမန်ရေးနည်းလမ်းများဖြင့် အားထုတ်သွားမည်ဟု ကတိပြုခဲ့ပြီး ရုရှားဘက်က ဂရုပြုသည့် ကိစ္စရပ်များ ဖြေရှင်းရေး စဉ်းစားပုံများကို ပြောကြားခဲ့ကြောင်း၊ သို့သော် ရုရှားက အဓိကထားသည့် လုံခြုံရေးဂရုပြုမှုကို အမေရိကန်နှင့်နေတိုးအဖွဲ့က ထည့်သွင်းမစဉ်းစားထားကြောင်း သိရသည်။

ယူကရိန်းအရေး၌ အမေရိကန်က လွန်စွာပင်သွေးရူးသွေးတန်း ဖြစ်လွန်းသည်ဟု Yuri Ushakov က ပြောကြားခဲ့သည်။
“အားလုံးသိကြတဲ့အတိုင်းပဲ ၊ ယူကရိန်းကို ရုရှားက ကျူးကျော်တော့မယ်ဆိုပြီး အမေရိကန်အရာရှိတွေက ပြောနေတယ်။ ကျူးကျော်မည့်အသေးစိတ်အချိန်ကိုပင် ထုတ်ပြန်ထားတယ်” ဟု ၎င်းက ဆိုသည်။

ဖုန်းဖြင့် ဆွေးနွေးစဉ် ပူတင်က အမေရိကန်နှင့်မဟာမိတ်များ ယူကရိန်းသို့ လက်နက်သစ်ပံ့ပိုးကူညီနေပြီး ယူကရိန်းစစ်တပ် ဒွန်ဘတ်စ်ဒေသနှင့် ခရိုင်းမီးယားဒေသကို ရန်စလာစေရန် လှုံ့ဆော်နေကြောင်း ထောက်ပြပြောခဲ့သည်။ မင့်ခ်စ်စာချုပ် သတ်မှတ်ချက် ဝတ္တရားများကို လိုက်နာအကောင်အထည်ဖော်ရန် အနောက်နိုင်ငံများက ယူကရိန်းကို ပေးသင့်သည့်ဖိအား မပေးခဲ့ကြကြောင်း ပူတင်က ပြောကြားခဲ့သည်။

ပြဿနာရပ်အားလုံးအတွက် အလွှာအသီးသီးထိတွေ့ဆက်ဆံမှုများ ဆက်လက်ထားရှိကြရေးအတွက်လည်း နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြကြောင်း Yuri Ushakov က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးက ယူကရိန်းကို ရုရှား ကျူးကျော်နိုင်သည်ဟူသော ပြောကြားမှု အလွန်များနေသည့်အပေါ် သတင်းလွှင့်သူများအနေဖြင့် တိကျသည့် သက်သေအထောက်အထား ပြစေလိုကြောင်း ဖေဖော်ဝါရီ ၁၂ ရက်က ထုတ်ဖော် ပြောကြားခဲ့သည်။ (Xinhua)

#Russia,#US,#Ukraine,#Biden,#Putin,#xinhua,#xinhuamyanmar,#ရုရှား,#အမေရိကန်,#ယူကရိန်း,#ဘိုင်ဒန်,#ပူတင်,#ဆင်ဟွာ

———————————————
(Chinese Versin)

乌克兰局势紧张 美俄总统通话“无突破”

2022-02-13 17:30:27 分类: 社会
图片轮播
新华社北京2月13日电 美国政府声称俄罗斯几天内“随时”可能“入侵”乌克兰后,总统约瑟夫•拜登与俄罗斯总统弗拉基米尔•普京12日通话。两人谈了大约一小时。媒体评述,这次通话没有取得突破。俄方官员当天指责,美方“歇斯底里地”渲染所谓俄“计划入侵”乌克兰。
美炒作战争风险再发警告
白宫12日在一份声明中写道,拜登当天与普京通话时警告,一旦俄罗斯“进一步入侵乌克兰”,美国及其盟友将“坚决回应,迅速让俄罗斯付出惨重代价”。

前一天,美国总统国家安全事务助理杰克•沙利文声称,美方所获情报显示俄罗斯可能在2月20日之前“入侵”乌克兰。美国一名政府官员告诉美联社记者,情报显示俄罗斯把入侵时间定在16日。

拜登在与普京的通话中说,美国致力于以外交手段结束乌克兰危机,但“同样会准备好应对其他情形”。就在通话当天,美国国务院下令撤离美国驻乌克兰大使馆大部分政府雇员,并敦促美国公民尽快离开乌克兰。  一名美国政府高级官员说,通话“具备专业性和实质性”,但没能“从根本上改变”事态发展。双方同意今后几天“保持接触”,但俄罗斯仍可能推进军事行动。

美国等西方国家不断渲染俄罗斯在靠近俄乌边境的地区集结重兵,有“入侵”乌克兰之势;俄罗斯否认这一说法。俄罗斯强调自身安全空间受侵蚀,有权在境内调动部队,无意进攻他国;同时要求美国及北大西洋公约组织签署协议给予俄方安全保障。

俄讽刺美国歇斯底里“添火”  俄罗斯总统助理尤里•乌沙科夫12日说,俄美领导人原定14日通话,应美方要求提前举行。通话“均衡且务实”,拜登承诺“将致力于外交途径,并列出他认为解决俄罗斯诸多关切的一系列想法”,但美国和北约没有考虑俄罗斯主要的安全关切。

美国在乌克兰问题上“歇斯底里到极点”,乌沙科夫说,“大家都知道,美国官员声称俄罗斯马上要入侵乌克兰”,甚至公布所谓入侵的具体时间。  他说,普京在通话中指出,美国及其盟友一直向乌克兰提供新型武器,为其“打气”,煽动乌克兰军队对顿巴斯和克里米亚地区发起挑衅。普京还说,西方国家没有对乌克兰施加应有的压力,推动其履行明斯克协议规定的义务。

乌沙科夫说,俄美领导人同意就通话中所提的所有问题继续进行各级别接触。
乌克兰总统弗拉基米尔•泽连斯基12日说,目前有太多俄罗斯可能“入侵”乌克兰的说法,希望传播这类消息的人给出确凿证据。(陈丹)

图说1:这是1月19日在美国首都华盛顿拍摄的白宫。(新华社发,沈霆摄)
图说2:这是1月26日在俄罗斯首都莫斯科拍摄的救世主塔楼。(新华社记者白雪骐摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.