Connect with us

Europe

ယူကရိန်းအကျပ်အတည်းအရှိန် မြင့်တက်လာခြင်းနှင့်အတူ ရုရှား-အနောက်နိုင်ငံများ၏ အားပြိုင်မှု ပို၍ရှုပ်ထွေးလာ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် သမ္မတ ပူတင် ရုပ်မြင်သံကြားမိန့်ခွန်းပြောကြားသည့် မြင့်ကွင်းအား ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ “ဒွန်းဘတ်စ်ပြည်သူ့သမ္မတနိုင်ငံ”နှင့် “လုဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ”အား အသိအမှတ်ပြုသည့် အမိန့်ကြေညာချက်တစ်စောင်ကို ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပေါ် ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ရုရှား၏ဆုံးဖြတ်ချက်သည် ယူကရိန်း၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုက်နက်ပြည့်စုံမှုကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားပြီး ကုလသမဂ္ဂကလည်း ဘက်ပေါင်းစုံကို သံတမန်လှုပ်ရှားမှု ဦးစားပေးလုပ်ဆောင်ကာ ပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာကြရန် တိုက်တွန်းပြောကြားခဲ့သည်။ယခုကာလများတွင် တင်းမာမှုဆက်တိုက် ဖြစ်ပေါ်နေသည့် ယူကရိန်းအကျပ်အတည်း အရှိန်မြင့်တက်လာပြီး ဒေသအခြေအနေ မည်သို့ အလားအလာရှိမည်ကို နိုင်ငံတကာအသိုက်အဝန်က အထူးဂရုပြုနေကြကြောင်း သုံးသပ်သူ အချို့က ထောက်ပြကြသည်။ လက်ရှိအခြေအနေတွင် သက်ဆိုင်ရာ ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းရှိသင့်ရာ တွေ့ဆုံဆွေးနွေးမှုဖြင့် တင်းမာမှုများဖြေလျှော့ပြီး ကွဲလွဲမှုများကို ဖြေရှင်းသင့်ကြောင်း ဆိုသည်။

တင်းမာမှုအခြေအနေ အရှိန်မြင့်တက်လာ

ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီအဖွဲ့ဝင်များက ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသအခြေအနေ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျင်းပခဲ့သည်။ ထို့နောက် မကြာမီ ပူတင်က ရုရှား-ယူကရိန်း ဆက်ဆံရေး၊ ယူကရိန်းအရှေ့ပိုင်းအခြေအနေ၊ ရုရှားလုံခြုံရေးအာမခံချက် စသည့်ကိစ္စရပ်များ ပါဝင်သည့် နိုင်ငံလုံးဆိုင်ရာ ရုပ်သံမိန့်ခွန်းပြောကြားခဲ့ပြီး “ဒွန်းဘတ်စ်ပြည်သူ့သမ္မတနိုင်ငံ”နှင့် “လုဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ”အား အသိအမှတ်ပြုသည့် အမိန့်ကြေညာချက်၊ ယင်း”နိုင်ငံ”နှစ်ခုနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး ၊အပြန်အလှန်ကူညီပံ့ပိုးရေး သဘောတူညီချက်ကို သီးခြားစီ လက်မှတ်ရေးထိုးခဲ့သည်။

ရုရှား၏ဆုံးဖြတ်ချက်အပေါ် ဇယ်လန်းစကီးက ပြစ်တင်ရှုတ်ချလိုက်သည်။ “နော်မန်ဒီ ပုံစံ”ဖြင့် လေးနိုင်ငံထိပ်သီးအစည်းအဝေး အရေးပေါ်ကျင်းပရန် အကြံပြုပြီး ယူကရိန်း နိုင်ငံရေးနှင့်သံတမန်ရေးနည်းလမ်းဖြင့် ပဋိပက္ခများကို ဖြေရှင်းသွားမည်ကတိပြုကြောင်း၊ သို့သော်လည်း ရန်စမှုကို ဒူးထောက်အရှုံးပေးမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ယင်းနေ့ညပိုင်းတွင်ပင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာဥပဒေနှင့် မင့်စ်ခ်သဘောတူညီချက်ကို ရုရှား ချိုးဖောက်လိုက်ခြင်းအတွက် ယင်း”တရားမဝင်လုပ်ရပ်”၌ ပါဝင်သူများအားလုံးကို ဥရောပသမဂ္ဂက ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ရုရှား၏ ဤလုပ်ရပ်သည် သက်ဆိုင်ရာဒေသပဋိပက္ခများ ဖြေရှင်းရန်ကြိုးပမ်းမှုကို ပျက်စီးစေကြောင်း ဆိုသည်။အမေရိကန် သမ္မတ ဘိုင်ဒန်က အမိန့်ကြေညာချက်တစ်စောင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး အမေရိကန်လူမျိုးများ ယင်းဒေသနှစ်ခုတွင် ကုန်သွယ်စီးပွားသွားလာမှုအသစ်များ ပြုလုပ်ခြင်းကို တားမြစ်ရန် ညွှန်ကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ သက်ဆိုင်ရာ ဘက်ပေါင်းစုံက ထိပ်တိုက်ရန်လိုသည့် လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်၊ အရပ်သားနှင့် ပြည်သူ့အခြေခံအဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ရန်၊ တင်းမာသည့်အခြေအနေ အရှိန်မြင့်တက်မှုဖြစ်နိုင်မည့် မည်သည့် ပြောဆိုလှုပ်ရှားမှုများကို ကာကွယ်တားဆီးရန်နှင့် သံတမန်ရေးလှုပ်ရှားမှုများကို ဦးစားပေးဆောင်ရွက်ကာ ပြဿနာရပ်အားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ရုရှား-ဘီလာရုဇ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Allied Resolve-2022” နောက်ဆုံးအဆင့် လက်တွေ့တိုက်ပွဲဝင်လေ့ကျင့်ခြင်းအား ဖေဖော်ဝါရီ ၁၉ ရက်က ဘီလာရုဇ်နိုင်ငံ Obuz-Lesnovsky လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာတွင် ယူကရိန်းအရေး ယနေ့အခြေအနေသို့ ပြောင်းလဲရခြင်းသည် မင့်စ်ခ်သဘောတူညီချက်အသစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် နှောင့်နှေးမှုနှင့်နီးကပ်စွာ ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကိစ္စရပ်၏အမှားအမှန်ဖြစ်ပျက်ပုံအရ ဘက်ပေါင်းစုံနှင့်ထိတွေ့မှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယူကရိန်းအခြေအနေသည် ဆိုးဝါးသည့် အသွင်သို့ ပြောင်းလဲနေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံ ထိန်းထိန်းသိမ်းသိမ်းရှိကြရန်၊ လုံခြုံရေးသည် သူငါခွဲခြား၍မရသော အရေးကြီးသည့်သဘောရှိသည်ကို သိရှိရန် ၊ တွေ့ဆုံဆွေးနွေးမှုဖြင့် အခြေအနေများကို ဖြေလျှော့ပြီး ကွဲလွဲမှုများကို ဖြေရှင်းရန် ထပ်မံ တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

အကြောင်းတရားများစွာကြောင့် ယခုအခြေအနေ ဖြစ်ပွားလာရ

သုံးသပ်လေ့လာသူများက ရုရှား ယခုလို ဆုံးဖြတ်ရသည့် အဓိက အကြောင်းအရင်း နှစ်ခု ရှိသည်ဟု ယူဆကြသည်။ ရေတိုကြည့်မည်ဆိုပါက မင့်စ်ခ်သဘောတူညီချက်အသစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် ခဲယဉ်းကာ ယူကရိန်းအရှေ့ပိုင်းအခြေအနေ ဆက်လက် ဆိုးဝါးလာခြင်းကြောင့်ဖြစ်ပြီး ရေရှည်ကြည့်မည်ဆိုပါက အမေရိကန် ဦးဆောင်သည့် နေတိုးအဖွဲ့များက ရုရှား၏အဓိကလုံခြုံရေးတောင်းဆိုချက်ကို အစဉ်တစ်စိုက် ဥပက္ခာပြုခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။

ထိုမတိုင်မီ ရုရှားက လုံခြုံရေးအာမခံချက် အတိအလင်းတောင်းဆိုခြင်း၊ အမေရိကန်၏ စစ်ပွဲ အရောင်ဆိုးမှုကို ဝေဖန်ခြင်း၊ ပြင်သစ်၊ဂျာမနီစသည့်နိုင်ငံများနှင့် နီးကပ်စွာဆွေးနွေးခြင်း စသည့် နည်းလမ်းများမှတစ်ဆင့် ယူကရိန်းအရေး မင့်စ်ခ် သဘောတူညီချက် အသစ် မူဘောင်အောက် ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းခဲ့သည်။ သို့သော် ယခုလ ၁၇ ရက်မှစပြီး ယူကရိန်းအရှေ့ပိုင်းဒေသ အခြေအနေ ဆိုးဝါးလာခဲ့ရာ ယူကရိန်းအစိုးရနှင့် ဒေသခံ အရပ်ဘက် လက်နက်ကိုင်များအကြား ထိတွေ့မြင့်ဒေသတစ်လျှောက် ရန်စ အမြောက်နှင့်ပစ်ခတ်မှုများရှိကြောင်း အပြန်အလှန်အပြစ်တင်ခဲ့သည်။ ထို့နောက် မကြာမီ ယူကရိန်းအရှေ့ပိုင်း အရပ်ဘက်လက်နက်ကိုင်များက ဒေသခံများကို ရုရှားဘက်သို့ အစုလိုက်ရွှေ့ပြောင်းပေးခဲ့ကြပြီး ယူကရိန်းတွင် စစ်ရေးလှုပ်ရှားမှုအန္တရာယ် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဆိုသည်။
လက်ရှိအခြေအနေအရ ကြည့်မည်ဆိုလျှင် မင့်စ်ခ်သဘောတူညီချက်အသစ် အကောင်အထည်ဖော်ရန် အလွန်ခဲယဉ်းနေသည်။

ယူကရိန်းအရှေ့ပိုင်းမှ ပြုံဆင်းလာသည့် ဒုက္ခသည်များ ရုရှားနိုင်ငံ တောင်ပိုင်းRostov Oblastပြည်နယ်၏ ယာယီနေထိုင်ရေးစခန်းသို့ ရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက ယူကရိန်းအရှေ့ပိုင်းရှိ ယင်း”နှစ်နိုင်ငံ”ကို ရုရှား အသိအမှတ်ပြုရန် ဆုံးဖြတ်ခြင်းသည် သက်ဆိုင်ရာသဘောတူညီချက်များကို ယူကရိန်းအစိုးရက ထိရောက်စွာ ဖော်ဆောင်ခဲ့ခြင်းမရှိမှုကြောင့် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က ပြောကြားခဲ့သည်။

ကာလကြာရှည် ရုရုားဘက်က နေတိုးအရှေ့ဘက်သို့ ထပ်မံမချဲ့ထွင်ရေး၊ ယူကရိန်းစသည့်နိုင်ငံများ နေတိုးအဖွဲ့သို့ မထည့်သွင်းရေး ဥပဒေအာမခံချက်ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော် ဘိုင်ဒန် အမေရိကန် သမ္မတ တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ရုရှားအပေါ် တင်းမာသည့် ရပ်တည်ချက်များ ထားရှိကာ ယူကရိန်းအား နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် ထောက်ခံပြီး စစ်ရေးအကူအညီများ တိုးချဲ့ပေးခဲ့ရာ ယူကရိန်းအခြေအနေ ဆက်တိုက်တင်းမာလာခဲ့သည်။

ပြီးခဲ့သည် နှစ်များတွင် နေတိုးအဖွဲ့ အရှေ့ဘက်သို့ မပြတ်ချဲ့ထွင်ခဲ့ပြီး လက်နက်စနစ်များကို ရုရှားနယ်စပ်ဒေသနှင့် ပိုမိုနီးကပ်သည့်နေရာတွင် ဖြန့်ကျက်ထားခဲ့ကြောင်း၊ ရုရှား၏ဂရုပြုမှု၊ ဆန့်ကျင်ကန့်ကွက်မှုနှင့်သတိပေးမှုကို လုံးဝဥဿုံ ဥပေက္ခာပြုခဲ့ကြောင်း၊ ယင်းအခြေအနေမျိုးတွင် ရုရှားက တန်ပြန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပူတင်က ဖေဖော်ဝါရီ ၂၁ ရက် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အားပြိုင်မှုများ ပို၍ ရှုပ်ထွေးလာ

ယူကရိန်းကို ထောက်ခံကြောင်း ပြသရန်အတွက် အမေရိကန်၊ဥရောပ နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ အမြန်ဆုံး ဆက်တိုက်ထုတ်ပြန်နိုင်သော်လည်း ရုရှားက ပိတ်ဆို့မှုကြောင့် မိမိ၏ ဗဟိုလုံခြုံရေးလိုအပ်ချက်များကို ပြောင်းလဲမည်မဟုတ်ဟု ပြောဆိုယူဆမှုများ ရှိသည်။ အနောက်နိုင်ငံများနှင့် ရုရှား၏ အားပြိုင်မှုသည် ကာလကြာရှည် ပိတ်ဆို့မှုနှင့်တန်ပြန်ပိတ်ဆို့မှု၊ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှု မြင့်တက်လာခြင်းများဖြင့် ပို၍ ရှုပ်ထွေးသည့်အဆင့်ကို ရောက်ရှိနိုင်ကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Russia in Global Affairs ဂျာနယ် အယ်ဒီတာချုပ် Fyodor Lukyanovက အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုအတိုင်းအတာက ဒွန်းဘတ်စ်နှင့်ထိတွေ့သောဒေသ၏ပဋိပက္ခအရှိန်အဟုန်နှင့်သက်ဆိုင်နိုင်ပြီး ပစ်မှတ်ထားပိတ်ဆို့မည့် အစီအစဉ်အရ အစိုးရအရာရှိ၊ ကုန်သည်၊ ဘဏ်အကောင့်၊ သိပ္ပံနည်းပညာထုတ်ကုန်ပစ္စည်း တင်ပို့မှုနှင့် စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်နိုင်ကြောင်း ၊ ရုရှားကို SWIFT ငွေပေးချေမှုစနစ်က ဖယ်ထုတ်လိုက်ခြင်းသည် ပိတ်ဆို့မှု၏အဓိကကွင်းဆက်တစ်ခု ဖြစ်နိုင်ကြောင်း ဆိုသည်။

ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ Dmitry Medvedevက ရုရှား၏ဆုံးဖြတ်ချက်ကို သုံးသပ်ပြောကြားရာတွင် ရုရှားသည် မတူညီသည့် ပိတ်ဆို့မှု၊ ခြိမ်းခြောက်မှု၊ နိုင်ငံရေးဖိအားပေးမှုနှင့် ဝေဖန်ပြောကြားမှုတွေကို ထပ်မံ ကြုံတွေ့ရမည်ဖြစ်ပြီး “ဒါအားလုံးကို ကျွန်တော်တို့ ကြုံတွေ့ဖူးပြီးသားပါ။ စောကြီးကတည်းက စိုးရိမ့်ကြောက်ရွံ့မှု မရှိတော့ပါဘူး”ဟု ဆိုသည်။ ရုရှား၏ပြိုင်ဘက်က စားပွဲဝိုင်းသို့ ပြန်လာပြီး ပြဿနာရပ်အားလုံးကို ဆွေးနွေးဖို့ ရုရှားကို တောင်းပန်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

သုံးသပ်လေ့လာသူများက ယူကရိန်းအရေးကို ဝန်းရံပြီး အားပြိုင်ခြင်းက ရုရှား၏ လုံခြုံရေးအာမခံမှုအပေါ် အပြောင်းအလဲဖြစ်အောင် ကြိုးပမ်းကြခြင်း ဖြစ်ကြောင်း ယူဆကြသည်။ လက်ရှိအချိန်အထိ အမေရိကန်နှင့် နေတိုးအဖွဲ့၏ ရုရှားလုံခြုံရေးတောင်းဆိုမှုအပေါ် အကြောင်းပြန်ချက်ကို ရုရှားဘက်က ကျေနပ်မှုမရရှိသေးပေ။ ယူကရိန်းအခြေအနေ အသစ်ပြောင်းလဲလာခြင်းနှင့်အတူ ရုရှားက မိမိ၏လုံခြုံရေးအာမခံမှု မဟာဗျူဟာမြောက် ရည်မှန်းချက် အကောင်အထည်ဖော်ရန် မတူညီသည့် နည်းဗျူဟာများ ဆက်လက် အသုံးချနိုင်ကြောင်း ဆိုသည်။ (Xinhua)

#Ukraine, #Russia, #WesternCounty, #NATO, #US, #xinhua, #xinhuamyanmar, #ယူကရိန်း, #ရုရှား, #အနောက်နိုင်ငံ, #နေတိုး, #အမေရိကန်, #ဆင်ဟွာ
………………………………..
(Chinese Version)
国际观察|乌克兰危机升级 俄西博弈更趋复杂
2022-02-23 00:03:47
Image Carouse
新华社莫斯科2月22日电(记者黄河)俄罗斯总统普京21日晚签署命令,承认乌克兰东部的“顿涅茨克人民共和国”和“卢甘斯克人民共和国”。乌总统泽连斯基对此表示,俄方决定是在侵犯乌克兰的主权和领土完整。联合国敦促各方优先开展外交活动,和平解决问题。
分析人士指出,近期持续紧张的乌克兰危机再度升级,地区局势将向何处去引发国际社会高度关注。当前形势下,有关各方应保持克制,通过对话谈判缓和事态,化解分歧。
这是2月21日在俄罗斯首都莫斯科拍摄的俄总统普京发表电视讲话的画面。(新华社记者白雪骐摄)
紧张局势升级
俄联邦安全会议成员21日就乌克兰东部顿巴斯地区局势举行会议。普京随后发表全国电视讲话,谈及俄乌两国关系、乌东部局势、俄安全保障等问题。他签署关于承认“顿涅茨克人民共和国”和关于承认“卢甘斯克人民共和国”的命令,以及俄罗斯分别与这两个“共和国”的友好合作互助条约。
泽连斯基对俄方决定表示谴责。他建议紧急召开“诺曼底模式”四方峰会,并保证乌方将致力于通过政治和外交途径解决冲突,但不会屈服于挑衅。
欧洲理事会主席米歇尔和欧盟委员会主席冯德莱恩联合发表声明,称俄方违反了国际法和明斯克协议,欧盟将对参与该“非法行为”的人实施制裁。北约秘书长斯托尔滕贝格表示,俄方此举将破坏旨在解决相关地区冲突的努力。美国总统拜登签署行政令,要求禁止美国人在这两个地区开展新的商贸活动。
联合国秘书长古特雷斯通过发言人发表声明,敦促相关各方立即停止敌对行动,保护平民和民用基础设施,防止任何可能使局势升级的行动和言论,并优先开展外交活动,和平解决所有问题。
2月19日,俄罗斯与白俄罗斯的“联盟决心-2022”联合军演最后阶段实战演习在白俄罗斯奥布兹—列斯诺夫斯基靶场进行。(新华社发,任科夫摄)
中国国务委员兼外长王毅应约同美国国务卿布林肯通话时表示,乌克兰问题演变至今,与新明斯克协议迟迟未能有效执行密切相关。中方将继续按照事情本身的是非曲直,与各方接触。乌克兰局势正趋于恶化。中方再次呼吁各方保持克制,认识到落实安全不可分割原则的重要性,通过对话谈判缓和事态,化解分歧。
多重原因所致
分析人士认为,俄方作出这一决定主要有两个原因。短期看,新明斯克协议难以获得有效执行,乌东部局势继续恶化;长期看,美国主导的北约始终无视俄罗斯的核心安全诉求。
俄罗斯此前通过公开呼吁安全保障、批评美国渲染战争、与法德等国密集磋商等途径,寻求通过对话让乌克兰问题回归新明斯克协议的框架。但本月17日以来,乌东部地区局势恶化,乌政府和当地民间武装相互指责对方在接触线地带发动挑衅性炮击。乌东部民间武装随后开始向俄罗斯大规模集中疏散当地居民,称面临乌克兰发起军事行动的危险。从眼下态势看,新明斯克协议落实难度依然很大。
2月19日,从乌克兰东部涌入的难民抵达俄罗斯南部罗斯托夫州的一处临时安置点。(新华社发,斯韦特兰娜摄)
俄罗斯外交部发言人扎哈罗娃22日表示,俄罗斯承认乌东部两个“共和国”的决定是基于相关协议对乌克兰政府已不再奏效而作出的。
长期以来,俄方一直寻求北约以法律形式保证不再东扩,不把乌克兰等国纳入北约。然而,拜登就任美国总统以来,对俄采取强硬立场,表态支持乌加入北约,加大对乌军事援助,致使乌局势持续紧张。
普京在21日的讲话中说,北约过去数年不断东扩并将武器系统部署在更加靠近俄罗斯边境的地区,全然不顾俄方关切、抗议和警告;在这样的情况下,俄方采取回应措施。
博弈复杂化
舆论认为,为了显示对乌克兰的支持,美欧或将很快继续出台新的对俄制裁措施,但俄方不会因制裁压力改变自身核心安全诉求。西方与俄罗斯的博弈或将在漫长的制裁与反制裁、军事对峙升级中进入更加复杂的阶段。
这是2月21日在美国首都华盛顿拍摄的白宫。(新华社记者刘杰摄)
《全球政治中的俄罗斯》杂志主编卢基扬诺夫说,西方制裁的程度可能与顿巴斯接触线地带的冲突烈度高度相关,制裁对象的顺序可能依次为官员、商人、银行账户、高科技产品出口以及能源产业,将俄罗斯彻底踢出环球银行间金融通信协会(SWIFT)支付系统将会是制裁的重要一环。
俄联邦安全会议副主席梅德韦杰夫在评论俄方决定时表示,俄罗斯将再次面对不同方面的制裁、威胁、政治施压和舆论攻势,“我们经历过这一切,早已不再害怕”。他说,俄罗斯的对手会请求俄方重新回到谈判桌上,讨论所有问题。
分析人士认为,围绕乌克兰局势的博弈是俄罗斯在安全保障问题上寻求突破。截至目前,美国和北约对俄罗斯安全诉求的回应显然无法令俄方满意。随着乌克兰局势发生新的变化,俄方或将继续采取不同的策略,以期实现自己在安全保障问题上的战略目标。(参与记者:邓仙来、李骥志)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.