Connect with us

Europe

ယူကရိန်း စစ်တပ်က ကိဗ်တွင် ရုရှားထိုးစစ်ကို တပ်ဆုတ်အောင်ခုခံနိုင်ခဲ့ကြောင်းပြော

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ရှိ လမ်းမတစ်နေရာမြင်ကွင်းကို ဖေဖော်ဝါရီ ၂၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်ရှိ Peremohy prospect ယာဉ်လမ်းကြောတွင် ယူကရိန်းစစ်တပ်အား ထိုးစစ်ဆင်ခဲ့ရာ ယူကရိန်းစစ်တပ်မှ ယင်းတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက် အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆိုရှယ်မီဒီယာ၌ ပြောကြားထားသည်ကို ယူကရိန်းမီဒီယာက သတင်းဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အခြားအသေးစိတ်အချက်အလက်များ သိရှိရခြင်းမရှိသေးပေ။

ကိဗ်မြို့ မြောက်ဘက် ၃၅ ကီလိုမီတာအကွာရှိ Vasilykov မြို့အလယ်ပိုင်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း မြို့တော်ဝန် Natalia က ဖေဖော်ဝါရီ ၂၆ ရက်၌ ပြောကြားခဲ့သည်။

ရုရှားစစ်တပ်များက ကိဗ်မြို့အနောက်တောင်ဘက်ရှိ ဆင်ခြင်ဖုံးရှေ့တန်းနယ်မြေကို ဖြတ်ကျော်ဝင်ရောက်ရန် အချိန် ၄ နာရီကြာကြိုးပမ်းခဲ့ကြောင်း ယူကရိန်းစစ်တပ်မှ ဗိုလ်ချုပ်မှူးကြီး၏ ဖေဖော်ဝါရီ ၂၅ ရက် စစ်ရေးအခြေအနဖော်ပြချက်ကို ကိုးကား၍ ယူကရိန်းမီဒီယာက သတင်းဖော်ပြထားသည်။ ရုရှားစစ်တပ်က ယူကရိန်းမြောက်ပိုင်းတွင် ကိဗ်မြို့သို့ ဦးတည်တိုက်ခိုက်ရန် တိုက်ခိုက်ရေးအုပ်စု နှစ်ခု ဖွဲ့စည်းထားကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)
(乌克兰局势)乌军方称在基辅击退了俄军一波进攻
2022-02-26 12:36:36 分类: 政治法律
新华社基辅2月26日电(记者李东旭)据乌克兰媒体26日报道,乌克兰军方人士当天在社交媒体上说,俄罗斯军队在乌克兰首都基辅胜利大街上向一支乌克兰军队发起进攻,乌军方击退了这一进攻。
目前尚无关于此次交火的其他细节。
另据报道,基辅以南35公里处瓦西里科夫镇镇长纳塔莉亚26日表示,该镇中部正在发生交火,有人员受伤。
乌克兰媒体援引乌武装部队总参谋部25日发布的战况声明说,在基辅市西北方向郊外一线,俄罗斯军队用4个小时试图突破乌军防线。在乌克兰北部,俄罗斯军队组建了两个攻击梯队自北向南朝基辅方向推进。(完)
图说-这是2月25日在乌克兰基辅拍摄的空荡荡的街头。(新华社记者鲁金博摄)